Sunday, September 27, 2009

ပွားမယ်

Google Gtak icon ကို Desktop ပေါ်မှာတင်လိုက်ပါ.

အဲဒီအပေါ်မှာ Right click ကိုနှိပ်လိုက်ပါ. ..

Properties ကိုသွားလိုက်ပါ ..

အဲဒီမှာ Shortcut ဆိုတဲ့ နေရာကို click လိုက်ပါ..

Target ဆိုတဲ့နေရာမှာ ဒီစာကြောင်းလေးကိုထည့်လိုက်ပါ..

"C:\Program Files\Google\Google Talk\googletalk.exe" /startmenu /nomutex

ပြီးတာနဲ့  Apply ကိုနှိပ်ပါ နောက်ဆုံး OK ကိုနှိပ်ပြီး သင့် Gtalk ကိုပွားနိုင်သလောက်သာပွားလိုက်ပါတော့ ဗျာ…



Type the rest of your post here.

အားမရသေးရင် ...

Saturday, May 23, 2009

ပြည်သူချစ်သောတပ်မတော်သားကြီးများ

စာရေးတယ်ဆိုတဲ့အလုပ်က ကတယ်မလွယ်ပါဘူး လူတစ်ယောက်ရေးထားတဲ့စာကို ၃၊၄ ကြောင်းလောက်ဖတ်လိုက်လို့ စိတ်ဝင်စားတာပါတယ်ဆိုရင် ထပ်ဖတ်လိုက်တယ် မပါရင်တော့ IT ခေတ်ဆိုတော့Mouse ကိုရွှေ့ ပြီး Close လုပ်ဖြစ်သွားတာပေါ့. ခက်တော့ခက်တယ်ဗျ ပြောချင်တာက အကြိုက်ချင်းမတူတာကိုပါ လောကကြီးမှာကျနော်လို လူမျိုးတွေပဲရှိနေမယ်ဆိုရင် သီချင်းတွေရယ်၊သံစဉ်တွေလောက်ပဲ တစ်လောကလုံးလွှမ်းမိုးနေမှာသေချာတယ်. ကျနော်ပြောချင်တာက လူတစ်ယောက်နဲ့ တစ်ယောက်ဟာမတူနိုင်ကျဘူး အကယ်လို့ လူတွေအားလုံးဟာ အားလုံးတူနေမယ်ဆိုရင် တော်တော်ပျင်းဖို့ ကောင်းမှာသေချာတယ်.သေချာပေါက်ကျနော်ပြောရဲတယ် အကယ်လို့ သားသ္မီးများရလာရင် ကျနော်နဲ့ စရိုက်တူတဲ့သားသ္မီးမျိုးမဖြစ်စေချင်ဘူး စရိုက်တူရင်တော့ ပေါင်းရသင်းရတာ အထာသိတာပေါ့ ဒါပေမဲ့ ကျနော့်ကိုကျနော် အားမရတဲ့အချက်တွေကများသား အဓိက ကတော့ကိုယ့်ဖာသာကို အားနည်းချက်တွေကို မသိပေမဲ့ ပတ်ဝန်းကျင်ဆိုတဲ့မှန်တစ်ချက်ကို အမြဲတမ်းကြည့်ဖို့ လိုတယ်။ မြန်မာလူမျိုးတွေအရင်က မပြောဖူးတဲ့စကားတွေဒီနေ့ ခေတ်မှာကြားနေရပြီ



ပတ်ဝန်းကျင်ကိုဂရုစိုက်ဖို့ မလိုဘူးတဲ့ ကျနော်အမြင်ပတ်ဝန်းကျင်ကို ဂရုမစိုက်ရင် ပတ်ဝန်းကျင်က ကျင်သွားမှာပါ လူဆိုတာ အသိုင်းအဝိုင်းနဲ့ နေတာလေ အသိုင်းအဝိုင်းမရှိတဲ့သူကတော့ ပုံမှန်မဟုတ်တဲ့သူတွေပေါ့။ သြော်မေ့နေလိုက်တာ ချီးကျူးဖို့ ကောင်းတာက တပ်ချုပ်ကြီးလေ လုံးဝပတ်ဝန်းကျင်ကိုဂရုမစိုက်တာဗျ ပတ်ဝန်းကျင်က ထမင်းကျွေးထားတာမဟုတ်ဘူး ဆိုတဲ့ စကားလုံးကိုသူကထွင်ထားတာလေ နောက်တစ်ခုက ကိုယ့်ရှိမှကိုစားရမှာ ဆိုတာလည်းသူပဲဗျ..သူ့ ကိုတော့ကျနော်တော်တော်အံ့သြတယ် သူ့ မယားပါ သားလေးတွေကို သူနဲ့ တူအောင် အရင်ဆုံး ပုံသွင်းတယ် (မင်္ဂလာဒုံစစ်တက္ကသိုလ်၊မေမြို့စစ်တက္ကသိုလ်တိုမှာ)အဲဒီအထည်းကရွေးပြီးတော့ သူနဲ့ အတူဆုံးမယားပါသားလေးတွေကို

ရရှားကိုပို့ လိုက်တာဗျ အခုရရှားမှာ သူနဲ့ အတူဆုံးမယားပါသား ၁၅၀၀ ကျော်လောက်ရှိနေပြီဗျ..ဒီလိုလူမျိုးလည်းရှိသေးတယ် ဒီကောင်လေးတွေကလည်း သူပထွေးကို ပထွေးလို့ ပြောရင်မကြိုက်ဖူးဗျ သူတို့ အဖေအရင်းတဲ့ဗျ မြန်မာပြည်မှာကျန်ခဲ့တဲ့ သူ့ အဖေအရင်းကျနော်မဖြစ်တာတော်တော်ကံကောင်းတယ်ဗျ ဒီချာတိတ်တွေကို သနားတယ်ဗျ အသက် (၁၈)နှစ်မပြည်ခင် စစ်တက္ကသိုလ်တက်လိုက်ရတယ် သူတို့ ကိုသူတို့ ရင့်ကျက်တယ်ပေါ့ဗျာ တစ်ကယ်တော့ ပုံသွင်းခံလိုက်ရတာ သူ့ တို့ ကိုသူတို့ သိလိုက်ရတဲ့ အချိန်က ဗိုလ်မှူး -----( ငြိမ်း) အငြိမ်းစားတောင် အပြည့်အစုံမရေးချင်တဲ့အချိန်ပေါ့ မင်းတို့ ကိုပြောပြမယ်ကွ ခွေးတောင် ဟောင်ချင်တဲ့အချိန်ဟောင်လို့ ရတယ် မင်းတို့ ကလူဖြစ်ပြီးကိုယ့်အခွင့်အရေးကို ကိုမသိတာ တန်ဖိုးမထားတာ ခွေးတစ်ကောင်လောက်မှတန်ဖိုးမရှိဘူးလို့ ငါမြင်တယ်။အခုငါ အပြင်မှာနေတယ် ငါဘယ်သူ့ ကိုမှဂရုစိုက်စရာမလိုဘူး ကြောက်စရာလည်းမလိုဘူး အိပ်ချင်အိပ်တယ် စားချင်စားတယ် ကိုယ့်ချေထောက်ပေါ်ကိုရပ်တည်နေနိုင်တယ် ကိုယ့်အခွင့်အရေးအတွက်ကိုယ်တိုင်ရပ်တည်မှရတာကွ....

တပ်ချုပ်ကြီးကအိပ်ဆိုမှအိပ် ပေးတာယူ ကျွေးတာစားတာ တပ်မတော်သိက္ခာကျပါတယ် မင်းတို့ လည်းနိုင်ငံတကာက စစ်တပ်တွေကို မြင်ဖူးမှာပါ မြန်မာစစ်သားနဲ့ ဘယ်လောက်ကွားခြားလည်း မြန်မာပီပီ မြန်မာစိတ်ဓါတ်ပြန်မွေးစမ်းပါ ငါတို့ တိုင်းပြည်မှာ ဗိုလ်ချုပ်တစ်ယောက်ပဲရှိခဲ့ဖူးတယ် အဲဒိဗိုလ်ချုပ်လိုအခုလက်ရှိ

တပ်မတော်သားတွေထည်းမှာ မရှိနိုင်ဘူးလို့ ဘယ်သူမှမပြောနိုင်ဘူး ငါနောက်ဆုံးပြောချင်တာကတော့ သန်းရွှေအရူးထတိုင်းလိုက်မလုပ်ပါနဲ့ ပြည်သူဘက်ကရပ်တည်တဲ့ တပ်မတော်သားကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားပါ နောင်အနာဂါတ်ရဲ့ သူရဲကောင်းပဲလုပ်ပါလို့ တိုက်တွန်းချင်တယ်။

မှတ်ချက်။ ။၂၀၀၂ နှစ် မေမြို့ စစ်တက္ကသိုလ်ကိုတက်ခွင့်ရသွားသော သူငယ်ချင်း သက်ဇော်၊ဖိုးဇော်၊ရဲရဲ

သူငယ်ချင်းအားလုံးကို သတိရလျက် ပြည်သူချစ်သောတပ်မတော်သားကောင်းများဖြစ်နေရန်

ရည်ရွယ်ရေးသားပါသည်။


အားမရသေးရင် ...

Friday, May 22, 2009

ပညာမတတ်တဲ့ သူတိုင်းပြည်ကိုချစ်ရင်

ကျနော် စာမရေးဖြစ်တာတော်တော်ကြာသွားပါပြီ မအားတာလဲပါတယ်။ရေချင်စိတ်မရှိတာလဲပါတယ်။
အခုအချိန်မှာတော့ အမေ့ကိစ္စနဲ့ ပါတ်သတ်လာတော့ ပြန်ရေးဖြစ်တာပါ အမေဆိုတာ ကျနော်တစ်ယောက်တည်းရဲ့  အမေမဟုတ်ပါဘူး။ ဗမာပြည်လူထုရဲ့ အားကိုးယုံကြည်ရတဲ့ အမေပေါ့ အမေစုကို အခုလိုလုပ်တဲ့ကိစ္စမှာ တော်တော်အံ့သြတယ် မျက်နှာပြောင်တိုက်တဲ့နေရာမှာ ၂ ယောက်မရှိအောင် အရှက်နည်းတဲ့ နအဖကို တော်တော်ချီးကျူးမိတယ် တော်လို့ ချီးကျူးတာမဟုတ်ပါဘူး အခွက်ပြောင်လွန်းအားကြီးလို့ ပါ။ ကမ္ဘာ့ အခွက်အပြောင်ဆုံးဆု ကိုသန်းရွှေ သာနှစ်စဉ် ပြိုင်စံရှား ပြိုင်ဘက်မရှိရသင့်ပါတယ်။ ဖြစ်နိုင်ရင် အမေစု အကြောင်းပြောနေရင် ဒင်းအကြောင်းကလည်းပါပါလာတယ် လုံးဝနှိုင်းယှဉ်ရေးဖို့ မကောင်းမှန်းသိပါတယ် ဒါပေမဲ့ လောကကြီးမှာ အကောင်းနဲ့ အဆိုးဒွန့် တွဲနေတယ်ဆိုတာကို အားလုံးသိကြပါတယ်။ ထက်ပြီးစဉ်းစားလို့ မရတာက ရရှားက ခွေးပေါက်စလေးတွေ ကိစ္စပါ


သူ့ ပထွေးက ဘာလုပ်လုပ်မှန်နေတယ်ဆိုတာပဲ ဒီကောင်တွေတစ်ကယ်ရော ပညာသင်ခဲ့ရလားပေါ့ ကိုယ်ပိုင်
အတွေးအခေါ်နဲ့ ကိုယ်ပိုင်းစဉ်းစားညဏ်ရှိမယ်မထင်ဘူး မထင်တာမဟုတ်ပါဘူး ရှိကိုမရှိတာ
တစ်ခါကကျနော်နဲ့ အွန်လိုင်းမှာ စကားပြောဖူးတယ် အေးအေးဆေးဆေးပဲပြောတာပါ ကျနော်က မျောက်လောင်းလေး ဗဟန်းကရဲစခန်းကို ပြဿနာရှာသွားတဲ့ကိစ္စ နဲ့ ပြောဖြစ်တာပါ သူတို့ အခေါ်ဘာတဲ့ တပ်ချုပ်ကြီးဆိုလား ဝက်ချုပ်ကြီးဆိုလား မသိပါဘူး သူ့ မြေးလေးကို ချစ်လွန်းလို့ အလိုလိုက်ထားတာတဲ့...
တစ်ခါမှမကြားဘူးဘူး ဘယ်နိုင်ငံမှာမှ သူတို့ နိုင်ငံတော်အကြီးအကဲရဲ့ အချစ်တော်တွေက တိုင်းပြည်မှာလုပ်ချင်တိုင်းလုပ်တယ်လို့ ဒီကောင်မို့ အရှက်မရှိ ပြောထွက်တယ် ...အဲဒါကျနော်တို့ တိုင်းပြည်က အားကိုးတစ်ကြီးနဲ့ သူများတိုင်းပြည်မှာ ပညာတော်သင်လွှတ်ထားတဲ့ ပညာတတ်တွေပြောတဲ့စကားလေ ..
သြော်ဗမာပြည် ဗမာပြည် အဲဒိလို့ ပညာတတ်တွေတော်တော်များနေပြီဗျ ဆရာအောင်သင်းပြောတာကြားဖူးတယ် ပညာမတတ်တဲ့သူ တိုင်းပြည်ကိုချစ်ရင် အခုလက်ရှိမှာမြင်နေတဲ့ ဗမာပြည်လို့ ဖြစ်မယ်တဲ့ ဗျ....

အားမရသေးရင် ...

Thursday, January 15, 2009

အောင်ဆန်း (သို့မဟုတ်) အရိုင်း


အရပ်ပုပု
မျက်မှောင်ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။

ဘီအေကျောင်းသား
စကားမပြော
ပြောရင်မရပ်
ညှင်းသိုးသိုး အရိုးခံ
ခေါင်းအမာဆုံး
ဇွဲအရှိဆုံး
စိတ်ဓာတ်အပြင်းထန်ဆုံး လူသား။


သူမသိ နားမလည်တာတွေကအများသား
ရေမကူးတတ်ဘူး
စက်ဘီးမစီးတတ်ဘူး
စန္ဒရားမတီးတတ်ဘူး
သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး
မိန်းမ မပိုးတတ်ဘူး။

ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူ
ချစ်ရတဲ့နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ
ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ
လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ်
မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ။

လွတ်လပ်ရေးကိုစဉ်းစားရင်း စစ်ဖိနပ်ပြောင်းပြန်စီးတဲ့သူ
လွတ်လပ်ရေးကိုစဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့
အတူလမ်းဘေးမှာအကြော်စားတဲ့ ၀န်ကြီးချုပ်
သူ့ ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ်
- ကြည်... ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ် - ဆိုတဲ့
မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ ရဲ့ ကမ္ဘာကျော်စာ။

ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို
ကွဲကွဲပြားပြားသိတဲ့သူ
လူငယ်ဘ၀၊ လူ့ ဘ၀ရဲ့ စည်းစိမ်အရသာတွေ
ခံစားဖို့ အချိန်မရခဲ့တဲ့သူ
သူ့ ဖြတ်သန်းမှုမှာ
လွတ်လပ်ရေးဆိုတာတစ်ခုတည်းနဲ့
ပကတိရိုးရှင်းသန့်စင်ခဲ့တဲ့သူ
သူ့ကို
ဒဂုန်တာရာက ကင်ပွန်းတပ်
အောင်ဆန်း သို့မဟုတ် အရိုင်းတဲ့။

လုပ်သက်က ခပ်နုနု
ကျောင်းသားပေါက်စ
သခင်ပေါက်စ
စစ်သားပေါက်စ
နိုင်ငံရေးသမားပေါက်စ
ဘ၀တွေက အဖုံဖုံ
အသက်က ၃၀ မရှိတရှိ။

ဒီအောင်ဆန်း လက်တောက်လောက်လေးကို
ဘာ့ကြောင့်
နေမ၀င်အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ...။

တကယ်ဆိုတော့
ငါတို့အောင်ဆန်းက
နယ်နယ်ရရမဟုတ် -
ရိုးသားတဲ့မြန်မာတွေထက်
ပိုရိုးသားတဲ့အောင်ဆန်း
သတ္တိပြောင်တဲ့ မြန်မာတွေထက်
ပိုသတ္တိရှိတဲ့ အောင်ဆန်း
စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက်
ပိုစွန့်လွှတ်ပြတဲ့ အောင်ဆန်း၊
ဒီလိုအောင်ဆန်း
သူ့ သွေးသားအရိုးအချဉ်တွေအားလုံး
လွတ်လပ်ရေးတစ်ခုတည်းနဲ့အပြီး
စုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း
တကယ့်အရိုးခံ အောင်ဆန်းပေါ့။

ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲ မြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့ကအစ
- ငါတို့ အားကိုးပါရစေ - ဆိုလာကြ၊
ရှေးဘိုးဘွားမိဘပြည်သူတွေက
- ငါတို့ ကိုကယ်မယ့် မင်းလောင်းပေါ်ပြီ - ပြုံးပျော်ကြ
လူငယ်သွေးသောက်မြန်မာတွေက
- ငါတို့ စွန့်ပါရစေ - ဆိုပြီး ရှေ့ထွက်လာကြ
စုကြ၊ ရုံးကြ၊ စည်းလုံးကြ။

တကယ့်ဗမာတွေ
မဟာအောင်ဆန်းအနောက်က
ပြည်သူ့ ဒီလှိုင်းလုံးကြီးတွေရဲ့
တ၀ုန်းဝုန်း ရိုက်ခတ်သံဟာ
အဲဒီအချိန်က ၀ိတိုရိယဘုရင်မကြီးကိုတောင်
အိပ်မက်တွေ အေးခဲစေခဲ့သပေါ့။

အောင်ဆန်းရှေ့ ရောက်ရင်
ရှမ်းတွေက ရှမ်းစကားမဆိုကြ
ကချင်တွေကလည်း ကချင်စကားမဟကြ
အောင်ဆန်းကို ယုံကြည်စွာနဲ့
သူတို့ သခင်အဖြစ် သိမှတ်ပြုကြ
အားလုံးသော တိုင်းရင်းသားတွေ။

ဒီပြည်လုံးကျွတ်အားကို
စုစည်းနိုင်ခဲ့လိုလည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်းလက်တောက်လောက်နဲ့
တစ်စားပွဲထဲ ၀ိုင်းခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ
မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့ မတိုက်ဝံ့ကြ
မျက်နှာမပျက် အောင်မြင်စွာ ဆုတ်ခွာမယ့်လမ်းကို
သူတို့ ရွေးခဲ့ကြ
အောင်ဆန်းနဲ့အတွေ့ မှာ။

ယုံကြည်အားကိုးတဲ့ မျက်လုံးပေါင်း သန်း ၆၀
အောင်ဆန်းမှာ ရှိတယ်
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့ နှလုံးသားသန်း ၃၀
အောင်ဆန်းမှာရှိတယ်
အောင်ဆန်းသေဆို သေပြ၀ံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိတယ်
ဒီ မျက်လုံးနှလုံးအသက် ဗို့ အားသိန်းသန်းချီ မီးဆလိုက်အားတွေနဲ့
နေမ၀င်အင်ပါယာကို ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘ၀င်မြင့်နေသူတွေ
အားလုံး အရည်ပျော်သွားခဲ့ကြ။

ဘယ်ရာဇ၀င်မှာ ခင်ဗျားတို့ တွေ့ ဘူးလဲ။
ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။
အင်္ဂလိပ်ဆိုတာက ဝေလာဝေး
သူငယ်နှပ်စားမဟုတ်။
ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ
အောင်ဆန်း။

ဒီအောင်ဆန်းက စစ်ကို မလို
ဒါပေမဲ့

ရရင်ရ မရရင်ချ ဆိုတာ အောင်ဆန်းဝါဒ
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ်
ငါတို့ အောင်ဆန်းပေါ့။

အောင်ဆန်း
ဒီအချိန်ဆို
၉၃ နှစ်ရှိပြီ
အောင်ဆန်းပြောမယ်
အဘိုးရဲ့ စကား နားထောင်...။

- မမေ့နဲ့
မင်းတို့
ကနေ့ ရှူနေတဲ့ လေဟာ
ငါတို့
မနေ့က ချွေးစက်တွေဆိုတာ၊
မမေ့နဲ့
မင်းတို့
မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့
ငါတို့
ဘုံးဘောလအော ကျဆုံးပေးခဲ့ရတာ၊
မမေ့နဲ့
မင်းတို့
ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
ငါတို့
အလောင်းကောင်တွေဆင့်ပြီး ထမ်းတင်ပေးခဲ့တာ
မမေ့နဲ့။

မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိတယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ

ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ
မြန်မာလူမျိုးရဲ့ အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့။

ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ
အောင်ဆန်းက ကျုပ်အဖိုး
ကျုပ်သားက အောင်ဆန်းရဲ့ မြစ်ပေါ့
သူ့ အဘိုးကို သူ လွမ်းတတ်နေပြီ
သူ့ သားကျရင်လဲ သူ့ အဘေးနဲ့
ပေးတွေ့ နိုင်ဖို့
အခုကတည်းက အသေအချာ
ကျုပ် မှာထားရအုံးမယ်...

အားမရသေးရင် ...

Saturday, January 10, 2009

အမေသို့ 


အမေ...
အမေလို့ ခေါ်လိုက်တိုင်း သားရင်းခွင်ကိုးနွေးထွေးစေတယ်..
အမေသီချင်းတွေလွင့်နေတဲ့ ရေဒီယိုအံ့သြနေမိတယ်...
တကယ်အံ့သြဖို့ ကောင်းတာ ငါပါလား မိခင်များနေ့ တောင်မသိတဲ့သားဖြစ်နေလို့ လေ..
အမေ ကျောင်းမတတ်ချင်တဲ့ သားကိုအမြဲတမ်းရိုက်ပြီးကျောင်းတတ်ခိုင်းတဲ့အမေ...
စာမေးပွဲနီးရင် သားလေးစားဖို့ လက်ဖက်တွေနှပ်ပေးတဲ့အမေ....
လူတကာနဲ့ ရန်ဖြစ်တိုင်း လိုက်ရှင်းပေးတဲ့အမေ...
သားအိပ်မောကျနေရင်စောင်လာခြုံပေးတဲ့ အမေ...
မုန့်ဖိုးတောင်းတိုင်း မညီးမညူ ပေးခဲ့တဲ့ အမေ...
မွေးနေ့ တိုင်း သောကြာထောင့်မှာ ယတြာခြေပေးတဲ့ အမေ.....
မလိမ္မာတဲ့သားကိုမှ အချစ်ဆုံးလို့ ပြောတဲ့အမေ...
သားကြောင့်အမေ ဝမ်းရည်စပ်မယ်ဆိုတာ သားသိပါတယ်..
သားအရင်လို မဆိုးတော့ပါဘူး အမေ..
အမေ..အမေ..အမေ..သားချစ်တဲ့ အမေ...
အဝေးတနေရာကနေ အမေကို သားကန်တော့လိုက်ပါတယ် အမေ..
အမေ နေကောင်းပါစေ။
အမေနဲ့ အတူ ရေခြား၊မြေခြား ခွဲခွါနေရတဲ့ အမေများလည်း
သား၊သ္မီးများနှင့် အမြန်ဆုံးပြန်ဆုံနိုင်ကြပါစေ....

အားမရသေးရင် ...

Monday, January 5, 2009

လက်နက်ရှိမှသိတ္တိရှိတာလား.


ဘယ်လောက်ကြောက်အောင်ချောက်ချောက် မကြောက်ဘူးဆိုတာမင်းတို့ မြင်ပြီလား။ ၆၅နှစ်ပဲလားကွာ လို့ ပြောရဲတဲ့သတ္တိမင်းတို့ မွေးထားပါ။ရရှားမှာနေပြီး မြန်မာသတင်းမှန်ကိုမသိတဲ့သူတွေက ပိုပြီးသနားဖို့ ကောင်းတယ်။ပြည်တွင်းထဲမှာနေပြီ
မသိရတာက ညံ့လို့ မဟုတ်ဘူး အပြင်မှာနေပြီးမသိတာကမှာ အသုံးမကျတာပါ.


မင်းတို့ တပ်ချုပ်ကြီး နဲ့ အတူမင်းတို့ တွေ ကောင်းကောင်းအိပ်လို့ ပျော်မယ်လို့ မထင်ဘူး.
သူရဲကောင်းတွေဒီခေတ်မှာ ပြန်ပေါ်နေပြီဆိုတာကို မမေ့နဲ့ .မင်းတို့ သိတာက
ပေးတာယူမယ်၊သင်တာထက်လည်းပိုမတတ်ဘူး၊ပြထားရင်ပြထားတာပဲမြင်တယ်၊ကျွေးတာတောင်ဝအောင်စားရဲလို့ လား။ ခွေးတောင်လွတ်လွတ်လပ်လပ် ဟောင်ရဲတယ် မင်းတို့ များခွေးလောက်တောင် အခွင့်အရေးမရှိတာ မင်းတို့ မသိတာခတ်တယ်။မင်းတို့ ဘယ်လောက်တော်တော် ခင်ညွှန့် လိုဖြစ်မှာမကြောက်ဘူးထင်တယ်.
မင်းတို့ သမိုင်းကို မင်းတို့ အကောင်းဆုံးရေးပြီလား.သမိုင်းဆိုတာ ဖျောက်လို့ မရဘူးနော်..မဆလ ခေတ်ကနေ နအဖ ခေတ်အထိမြန်မာစစ်သမိုင်းမှာ ကောင်းတဲ့လူတစ်ယောက်မှမရှိသေးဘူး။အရင်က ငါလည်းဘုမသိဘမသိနဲ့ DSA တောင်ဖြေဖို့ ကြိုးစားမိသေးတယ်.တော်သေးတယ် မဖြေမိတာ ဖြေခြင်တာလဲ မပြောနဲ့ လေ မြန်မာအသံတို့ ၊မြ၀တီတို့ မှာပြပြနေတဲ့စစ်ကားလေးတွေ ကိုကြည့်ပြီးအထင်ကြီးခဲ့တာကို.တစ်ချိုးသူငယ်ချင်းတွေဆို မိဘကအတင်းဝင်ခိုင်းလို့ ဝင်ရတာ အမျိုးမျိုးပါ..
တစ်ချိုကတော့ အာဏာရူးတာလေ မင်းတို့ လည်းအာဏာရူးတယ်ထင်တယ်...စိုးဝင်းလို့ ကြက်ရိုးကိုက် ပြီးရှော သွားရင်တော့ စိတ်မကောင်းစရာပဲ...
ဘာပဲပြောပြောပါ မင်းတို့ စစ်တပ်က အကောင်းဆုံးတိုင်းပြည်ကို အုပ်ချုပ်နိုင်တယ် မအုပ်ချုပ်နိုင်ဘူးဆိုတာ
မကြာခင်မင်းတို့ မြင်ရတော့မှာပါ..အခုလို့ အကြောက်အကန် နှိပ်ကွပ်တာတောင် လုပ်ရဲတဲသတ္တိ မင်းတို့ မှာရှိလားလို့ ငါမေးခြင်တယ် .ရှက်တတ်ရင်တော့ အမှန်အတိုင်းဖြေပေါ့။ လက်နက်ရှိမှ သတ္တိရှိတာလားကွာ.....

အားမရသေးရင် ...

Sunday, January 4, 2009

၂၀၀၈ ခုနှစ်၏ အရေးပါသူများ


၂၀၀၈ ခုနှစ်၏ အရေးပါသူများ (၁)

၂၀၀၈ ခုနှစ်တွင် အထင် ကရ အဖြစ် အပျက် များစွာ ဖြစ်ခဲ့သည်။ နာဂစ် ဆိုင်ကလုန်း မုန်တိုင်း၊ အလိမ် အညာ အခြေခံ ဥပဒေ ဆန္ဒ ခံယူပွဲ၊ ၂၀၀၇ ခုနှစ် သြဂုတ်လ / စက်တင်ဘာလ အပြီး နောက်ဆက်တွဲ အကျိုးဆက်များနှင့် နိုင်ငံရေး သဘောထားကွဲလွဲသူ အတိုက်အခံခေါင်းဆောင်များအပေါ် ပြစ်ဒဏ်ချမှတ်ခဲ့သော တရားမဲ့ ခုံရုံးများ စသည့် အဖြစ်အပျက်များက လူတဦးချင်းအရသော်လည်းကောင်း၊ အဖွဲ့အစည်းအရသော်လည်းကောင်း သူတို့၏ အမည်များနှင့် ဖြစ်ရပ်များ၊ လှုပ်ရှားမှုများသည် သတင်းခေါင်းကြီးပိုင်းများ ဖြစ်လာကြသည်။



မြန်မာနိုင်ငံအတွင်း နိုင်ငံရေး အပြောင်းအလဲများ တိုးတက်လာစေရန်နှင့် ဆိုင်ကလုန်းဒဏ်ခံခဲ့ရသူ ပြည်သူများအတွက် အထောက်အပံ့ ပစ္စည်းများ ကူညီပေးကြရာတွင် ကိုယ်ကျိုးမဲ့ဆောင်ရွက်ခဲ့ကြသောကြောင့် လူပုဂ္ဂိုလ်အတော်များများလည်း သတင်းများတွင် ထည့်သွင်းဖော်ပြခံကြရသည်။ သို့သော် မကောင်းသတင်းဖြင့် ကျော်စောသူတဦးတော့ ရှိခဲ့သည်။ ၂၀၀၈ ခုနှစ် အတွက် အမည်စာရင်းတွင် ထည့်သွင်းရန် သူသည်လည်း အရည်အချင်း ပြည့်မီသည်ဟု ဆိုရမည်။ ထိုသူမှာ ဆိုင်ကလုန်းမုန်တိုင်းသင့်၍ ဒုက္ခကြုံနေရသော ပြည်သူများထံသို့ အကူအညီများ ပိတ်ပင်ရာတွင် အဓိက အခန်း ကဏ္ဍမှ ပါဝင်ခဲ့သူ၊ ဆန္ဒခံယူပွဲကို ခေါင်းမာမာဖြင့် ဆက်လက်ဆောင်ရွက်ခဲ့သူ၊ အငြင်းပွားဖွယ်ရှိနေသော ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေချိန်တွင် အတိုက်အခံအားလုံးကို ရက်ရက်စက်စက် အပြုတ်တိုက်နေသူ စစ်အစိုးရ ထိပ်သီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေပင် ဖြစ်သည်။

၂၀၀၈ ခုနှစ်၏ အမည်စာရင်းသည် မြန်မာနိုင်ငံသားများ အတွက်သာ ကန့်သတ်ထားခြင်းမဟုတ်။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဘားနာ့ဒ် ကုချနာ၊ အမေရိကန်သမ္မတ ဂျော့ခ်ျ ဒဗလျူဘုရှ် နှင့် သူ၏ ဇနီး လော်ရာဘုရှ် အပြင် ကမ္ဘာ့ကုလသမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူ ကိုယ်စားလှယ်နှစ်ဦးသည်လည်း မြန်မာပြည်၏ အဖိနှိပ်ခံပြည်သူများကိုယ်စား ၎င်းတို့၏ ဆောင်ရွက်ချက်များကြောင့် အမည်စာရင်းတွင် ထည့်သွင်းထိုက်သူများဖြစ်သည်။

ဗိုလ်ချုပ်သန်းရွှေနှင့် သူ၏ စစ်အုပ်စုက အကူအညီ သေရေး ရှင်ရေး လိုအပ်နေသော ပြည်သူများကို မသိဟန်ပြုနေချိန်တွင် မုန်တိုင်းသင့် ပြည်သူများကို မဖြစ်မနေ ကူညီရမည်ဟူသော Save the Children၊ နယ်စည်းမခြား ဆရာဝန်များ MSF (Médecins sans Frontières) နှင့် မာလင်း (Merlin) ကဲ့သို့သော အဖွဲ့အစည်းတို့၏ ခိုင်ကျည်သော ကြိုးပမ်းမှုများကိုလည်း အသိအမှတ်ပြု ထည့်သွင်းဖော်ပြရမည် ဖြစ်ပါသည်။

သတင်းခေါင်းစည်းကို ဖန်တီးသူများ

ဦးဝင်းတင်

အကျဉ်းထောင်ထဲတွင် ယခုအချိန်ထိရှိနေသေးသော နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ခန့်၏ ကံကြမ္မာက မရေမရာ ဖြစ်နေရဆဲ၊ စိုးရိမ်နေရဆဲအခြေအနေတွင် နှစ်ရှည်လများထောင်ကျခဲ့သော အတိုက်အခံ နိုင်ငံရေး သမားတဦး ၂၀၀၈ ခုနှစ်တွင် ပြန်လွတ်လာခဲ့သည်။ ထိုသူမှာ အသက် ၇၉ နှစ်အရွယ် သတင်းစာဆရာကြီး ဦးဝင်းတင် ဖြစ်သည်။ ရန်ကုန်မြို့မှ နာမည်ကျော် အင်းစိန်ထောင်တွင် ၁၉ နှစ်ကြာ အကျဉ်းချခံနေရရာမှ စက်တင်ဘာလတွင် ဦးဝင်းတင် ပြန်လွတ်လာခြင်းဖြစ်သည်။

၁၉၈၉ ခုနှစ် အကျဉ်းမကျခင်က ဦးဝင်းတင်သည် ထင်ရှားသော အတိုက်အခံ နိုင်ငံရေးသမားတဦး ဖြစ်ပြီး၊ အထိန်းသိမ်းခံ ငြိမ်းချမ်းရေးနိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အရေးပါသည့် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် တဦးလည်း ဖြစ်ခဲ့သည်။ ဦးဝင်းတင်သည် အဖွဲ့ချုပ်၏ တတ်သိပညာရှင်များကို ဦးဆောင်၍ အနုပညာလွတ်လပ်ခွင့်၊ သတင်းလွတ်လပ်ခွင့်များကို အရေးဆိုခဲ့သူတဦး ဖြစ်သောကြောင့်လည်း မျိုးဆက်သစ် လူငယ်များအကြားတွင် "ဆရာ" ဟူသော ဂုဏ်ထူးဝိသေသတခုကို ပိုင်ဆိုင်ခဲ့သူ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ဦးဝင်းတင်ကို "သတ္တိရှိ၍ တည်ကြည်ဖြောင့်မတ်သူ" ဟု ညွှန်းခဲ့ပြီး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီလှုပ်ရှားမှုတွင် အဓိက အခရာကျသူ တဦး ဖြစ်သည်ဟု အသိအမှတ် ပြုခဲ့သည်။ ဦးဝင်းတင်ကလည်း ဒေါ်စုကို "စစ်မှန်သော ခေါင်းဆောင်" တဦးဟု ပုံဖေါ်ခဲ့သည်။ “မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကြပ်အတည်းကို ကျော်လွှားဖို့ ဒေါ်စုရဲ့အခန်းကဏ္ဍ ရှိသေးသလား” ဟူသည့် ပြောဆိုချက်များနှင့် ပတ်သက်၍ ဧရာဝတီက မေးမြန်းခဲ့ရာတွင် ဦးဝင်းတင်က "ဒေါ်စုရဲ့ ကိုယ်ကျင့်သိက္ခာ၊ အသိပညာ၊ ခေါင်းဆောင်မှု အရည်အချင်းတို့နဲ့ ပတ်သက်လို့ ကျနော့်မှာ သံသယ မရှိပါဘူး၊ ကျနော် ဒေါ်ဆောင်ဆန်းစုကြည်ကို ယုံတယ်" ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်
နေအိမ်အကျယ်ချုပ် ကျခံနေရဆဲ ဖြစ်သည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ဧရာဝတီ)
မြန်မာနိုင်ငံ၏ အတိုက်အခံခေါင်းဆောင်၊ တကမ္ဘာလုံးတွင် တဦးတည်းသော အကျဉ်းကျခံ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်သည် ယခုနှစ်တွင်လည်း ခြောက်နှစ်ဆက်တိုက် တရားမ၀င် အကျယ်ချုပ် ကျခံနေရသည်။ သူ၏ ရှေ့နေက ဤသို့ဖမ်းဆီးထားမှုသည် ဥပဒေကြောင်းနှင့်မညီဟု ဆိုသည်။ နေပြည်တော်ရှိ အာဏာပိုင်များက အကျယ်ချုပ် သက်တမ်းတိုးမှုနှင့် ပတ်သက်သည့် ရှေ့နေ၏အယူခံလွှာကို မသိကျိုးကျွန် ပြုနေဆဲ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့၊ အင်းလျားကန်စောင်းရှိ နေအိမ်တွင် အကျယ်ချုပ် သက်တမ်း စုစုပေါင်း ၁၃ နှစ် ကျခံခဲ့ပြီး ဖြစ်သည်။

အသက် ၆၃ နှစ် ရှိပြီ ဖြစ်သော ဒီမိုကရေစီခေါင်းဆောင်က အတိုက်အခံများနှင့် တွေ့ဆုံ ဆွေးနွေးပွဲလုပ်ရန် စစ်အစိုးရ၏ ဆက်လက်ငြင်းပယ်နေမှုကို စိတ်မရှည်တော့သည့်ဟန် ပြသခဲ့သည်။ သြဂုတ်လအတွင်း ကမ္ဘာ့ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ မြန်မာနိုင်ငံသို့ နောက်ဆုံး လာရောက်ခဲ့စဉ်က လက်ခံတွေ့ဆုံရန် ငြင်းပယ်သည့်နည်းဖြင့် သူ၏ သဘောထားကို ဖော်ပြလိုက်သည်။ မစ္စတာ ဂန်ဘာရီသည်လည်း စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့်မရဘဲ နယူးယောက်သို့ ပြန်သွားရသည်။ သူ၏ ခရီးစဉ်သည် ပဋိပက္ခဖြစ်နေသည့် ဘက်နှစ်ဘက် ပြန်လည်သင့်မြတ်ရန်၊ နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်လာရန် မဆောင်ရွက်နိုင်ခဲ့ဘဲ အရှုံးနှင့် အဆုံးသတ်ခဲ့ရသည်ဟူသော စွပ်စွဲချက်များ ပေါ်ထွက်ခဲ့သည်။

ဂန်ဘာရီ၏ အကြီးအကဲ အထွေထွေ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းသည်လည်း ကုလသမဂ္ဂက တာဝန်အပ်နှင်းထားသည့် ရည်မှန်းချက်များ အထမြောက် အောင်မြင်စေရေးအတွက် သိသာ ထင်ရှားသော တိုးတက်မှု တစုံတရာ မဆောင်ရွက်နိုင်ဘဲ အရှုံးပြနေသည်ဟု ဆိုကြပြန်သည်။ ထို့အပြင် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံသို့ သွားရောက်မည့် သူ၏ ခရီးစဉ်ကိုလည်း ဖျက်သိမ်းလိုက်ရသည်။

ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေးဟူသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေရေး နှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် မရှိမဖြစ်လိုအပ်သော ပထမအဆင့် ဖြစ်သည်ဟု ထပ်တလဲလဲ ဖော်ပြခဲ့သည်။ ဒေါ်စုကလည်း "တွေ့ဆုံ ဆွေးနွေးရေး လုပ်ငန်းစဉ် အောင်မြင်ဖို့အတွက်ဆိုရင် ကျမက အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင့်သင့် ရှိပါတယ်" ဟု ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။


နာဂစ် ဆိုင်ကလုန်း ဒုက္ခသည်များ ကူညီကယ်ဆယ်ရေးအတွက် ဒေါ်လာ သန်းနှင့် ချီ၍ ဦးစီးထောက်ပံ့ ခဲ့သော ပီနန် ဆရာတော်ကြီး ဦးပညာဝံသ (သရုပ်ဖော်ပန်းချီ - ဧရာဝတီ)
မလေးရှားနိုင်ငံ၊ ပီနန်မြို့ ဓမ္မိကာရာမ ကျောင်းတိုက်တွင် သီတင်းသုံးနေသော ဦးပညာဝံသသည် ၂၀၀၇ ခုနှစ် စက်တင်ဘာ လူထုအုံကြွမှုနှင့် ဆိုင်ကလုန်း နာဂစ်မုန်တိုင်းကြောင့် ထင်ရှားလာသည်။ လူသားချင်း စာနာမှုဆိုင်ရာ ကူညီရေး လုပ်ငန်းများ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ ကမ္ဘာအနှံ့ တည်ဆောက်ခြင်း လုပ်ငန်းများကြောင့်လည်း မူလကပင် ထင်ရှားသော သံဃာတော်တပါးဖြစ်သည်။

ဆရာတော်သည် သက်တော် ၈၄ နှစ်ရှိပြီ ဖြစ်ပြီး မြန်မာ့နိုင်ငံရေး ဆွေးနွေးမှုများတွင် မပါဝင်ဘဲ ခပ်ရှောင်ရှောင် နေလာခဲ့သည်။ သို့သော်လည်း အမိနိုင်ငံအတွင်း သံဃာတော်များဦးဆောင်သော ဆန္ဒပြပွဲများကို စစ်တပ်က မတရား ဖြိုခွင်းခဲ့မှုကြောင့် မခံရပ်နိုင်တော့သည့်အဆုံး စစ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်မှုများကို ဝေဖန်ပြောဆိုလေသည်။

ဆရာတော်က ဗုဒ္ဓဘာသာ မြန်မာသံဃာများ၏ နိုင်ငံတကာအဖွဲ့အစည်းတခုကိုလည်း ဦးဆောင် တည်ထောင်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် (၀ါ) သာသနမောဠိ ဟု လူသိများသော အဖွဲ့အစည်းပင် ဖြစ်သည်။ ဆရာတော်သည် ထိုအဖွဲ့ကြီး၏ ပထမဦးဆုံးသော ဥက္ကဋ္ဌ ဆရာတော်တပါးလည်း ဖြစ်သည်။

မေလတွင် မြန်မာနိုင်ငံ၌ နာဂစ်ဆိုင်ကလုန်း တိုက်ခတ်လိုက်သောအခါ ဆရာတော်က အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်အတွင်းရှိ အဖွဲ့ပေါင်း ၂၇ ဖွဲ့ကို ခေါ်၍ ရန်ပုံငွေရှာဖွေရေး အစည်းအဝေးတရပ်ကို ဦးစီး ကျင်းပခဲ့သည်။ သဘာဝဘေးဒဏ်သင့် ပြည်သူများထံ ကူညီပေးနိုင်ရေးအတွက် ရန်ပုံငွေ အနည်းဆုံး ဒေါ်လာ ၂ သန်းခန့် ကောက်ခံနိုင်ခဲ့သည်။

သြဂုတ်လတွင် ဒိန်းမတ်နိုင်ငံ၌ ဗုဒ္ဓရံသီဟု အမည်ရသော ပထမဦးဆုံးသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းကို ဖွင့်လှစ်နိုင်ခဲ့သည်။ ဆရာတော်၏ နှစ်ပေါင်း ၅၀ ကျော် ကမ္ဘာတ၀န်း တည်ထောင်ခဲ့သော ဘုန်းတော်ကြီးကျောင်းများ အနက်မှ နောက်ဆုံးတည်ထောင်ခဲ့သည့် ကျောင်းတကျောင်းလည်း ဖြစ်သည်။

ဆရာတော်ဦးပညာဝံသကို ၁၉၂၄ ခုနှစ် ဇန်န၀ါရီလ၌ ဧရာဝတီတိုင်း၊ ၀ါးခယ်မမြို့တွင် မီးရှုးသန့်စင် ဖွားမြင်ခဲ့သည်။ ၀ါးခယ်မ၊ ရန်ကုန်၊ မန္တလေးမြို့များတွင် ပါဠိဘာသာနှင့် ဗုဒ္ဓဘာသာကို လေ့လာဆည်းပူးခဲ့သည်။
၁၉၅၄ ခုနှစ်၌ သီရီလင်္ကာ၊ အက်ဒမန်ကျွန်းစုများ နှင့် အိန္ဒိယနိုင်ငံတောင်ပိုင်း တို့တွင် သာသနာပြန့်ပွားရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။
၈၈ မျိုးဆက်ကျောင်းသားများ
လောင်စာဆီကျဆင်းရေး ဆန္ဒပြသည့်အတွက် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များဖြစ်သော မနီလာသိန်း၊ မမီးမီး၊ ကိုမြအေး၊ ကိုမင်းကိုနိုင်၊ ကိုဂျင်မီ တို့ကို အတူ တွေ့ရစဉ်
၂၀၀၇ ခုနှစ် သြဂုတ်လ၊ စက်တင်ဘာလ စီတန်းချီတက် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူများနှင့်အတူ "၈၈ မျိုးဆက် ကျောင်းသားများ"ဟု ထင်ရှားသည့် အတိုက်အခံများသည် ကြီးလေးသည့် ပြစ်ဒဏ်များ ချမှတ်ခံရနေရသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အပြောင်းအလဲများကို တောင်းဆိုသော လှုပ်ရှားမှုတွင် ဦးဆောင်ခဲ့ကြသောကြောင့် ဖြစ်သည်။

ဤအဖွဲ့တွင် လူသိများထင်ရှားသော ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုဂျင်မီ၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုဌေးကြွယ်၊ မနီလာသိန်း၊ မမီးမီးအပါအ၀င် အခြားသော အဖွဲ့ဝင် ၂၂ ဦး သည် မကြာသေးမီက ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်ခံခဲ့ရသည်။ ၎င်းတို့အားလုံး အသက် ၃၀ ကျော် ၄၀ အရွယ်များ ဖြစ်ကြသည်။ ဖိနှိပ်သူ စစ်အစိုးရလက်အောက်တွင် ထောင်သက်တမ်းပြည့် နေရမည် ဆိုပါက သူတို့၏ ဘ၀တသက်တာလုံး အကျဉ်းထောင်ထဲတွင်သာ ပြီးဆုံးသွားဖို့ ရှိနေသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် နိုင်ငံရေးပါတီတခု မဟုတ်ပေ။ ၁၉၈၈ ဒီမိုကရေစီအရေး လူထုအုံကြွမှုကြီး ဖြစ်ပေါ်သော အချိန်တွင် ပါဝင်ခဲ့ကြသော ကျောင်းသားလူငယ်များကို စုစည်းထားသည့် လှုပ်ရှားမှု အစုအဖွဲ့ တခုသာ ဖြစ်သည်။ စစ်တပ်က ထိုအုံကြွမှုကြီးကို ဖြိုခွင်းခဲ့ပြီး ဆန္ဒပြသူများကို နိုင်ငံတော် ဆန့်ကျင်ရေး ပုဒ်မ မျိုးစုံ တပ်ကာ ထောင်သွင်း အကျဉ်းချခဲ့သည်။ အများစုကို ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်ခဲ့သည်။ ၁၉၉၀ နောက်ပိုင်းတွင် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခဲ့သည်။
တသက်တာလုံး ထောင်ထဲတွင် နေသွားရမည့်အရေး သို့မဟုတ် အသက်ဆုံးရှုံး သွားနိုင်သည့်အရေး ရှိနေသော်လည်း ၎င်းတို့၏ တိုက်ပွဲဝင်စိတ်ဓာတ်ကို သတ်နိုင်လိမ့်မည် မဟုတ်ပေ။

ထောင်ဒဏ်ချမှတ်အပြီးတွင် ခေါင်းဆောင်တဦး ဖြစ်သူ ကိုမင်းဇေယျာက ပြစ်ဒဏ်ချမှတ်သူ တရားသူကြီးကို "၆၅ နှစ်ပဲလားကွ.." ဟု မထီမဲ့မြင် ပြန်၍ အော်ဟစ် ပြောဆိုခဲ့သည်ဟုလည်း သတင်းများ ကြားသိခဲ့ရသည်။

ဝမ်းနည်းဖွယ်ကောင်းသော အချက်တခုမှာ သတ္တိပြောင်သော အန်တုမှုတခုတည်းဖြင့် ဒီမိုကရေစီ လှုပ်ရှားမှု၏ ရည်မှန်းချက်များကို မရနိုင်ကြောင်း နှစ်ပေါင်း ၂၀နှစ်ဆယ်ကြာ တော်လှန်ရေး၏ သမိုင်းက သက်သေပြခဲ့ပြီး ဖြစ်သည်။ အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်) နှင့် မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (Generation Wave) ကဲ့သို့ အင်အားကောင်းသော လှုပ်ရှားတက်ကြွသူ အစုအဖွဲ့များ အပါအ၀င် အတိုက်အခံအုပ်စု အားလုံးကို စစ်အစိုးရက ပစ်မှတ်ထား၍ ချေမှုန်းနေသည်။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီတွင် အတိုက်အခံ အင်အားစုတခုလုံး တုပ်တုပ်မျှ မလှုပ်နိုင်အောင် လုပ်ထားမည့်သဘောကို တွေ့နေရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
နာဂစ် ဆိုင်ကလုန်း လေဘေးကို လျစ်လျူရှုပြီး အာဏာတည်မြဲရေးအတွက်ကိုသာ အလေးထားသော စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ - အေအက်ဖ်ပီ)
မြန်မာနိုင်ငံ၏ ထိပ်သီးစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် နိုင်ငံ၏ အရေးပေါ် အခြေအနေနှစ်ခု ဖြစ်သော ၂၀၀၇ ခုနှစ် စက်တင်ဘာ လူထုလှုပ်ရှားမှုနှင့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဖျက်ဆီးမှုများမှ မပွန်းမရှ ရှင်ကျန်ရစ်သူ၊ ဘေးမသီ ရန်မခ ကျန်ရစ်နေသူ ဖြစ်သည်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများလုပ်ရန် ငြင်းဆန်နေသော သူ၏ ခေါင်းမာသည့်ဝသီကို ဖြိုလှဲနိုင်ရန် ပြင်ပကမ္ဘာမှ ကြိုးပမ်းအားထုတ်နေမှု အားလုံးကိုလည်း ဆက်လက် စိန်ခေါ်နေဆဲ ဖြစ်သည်။

ဖိအားများက မြန်မာနိုင်ငံ၏ ပြင်ပမှသာ လာနေခြင်းမဟုတ်။ သတင်းများအရ အလယ်အလတ် တပ်မတော် အရာရှိများသည်လည်း ဗိုလ်ချုပ်သန်းရွှေ၏ ခေါင်းဆောင်မှုအပေါ် မကျေနပ်မှုများ တစစတိုးပွားလာနေသည် ဟူသော ပြောဆိုချက်များ ရှိနေသည်။ သို့ပင်ငြား ၎င်းတို့၏ မကျေနပ်ချက်များကို လူသိရှင်ကြား ထုတ်ဖော် ပြောဆိုရန်အတွက်မူ ချီတုံချတုံ ဖြစ်နေကြသေးသည်။

လူကြိုက်နည်းလာသော အခြေအနေကို လုံးဝသိနေသည့် ဗိုလ်ချုပ်သန်းရွှေက သူ၏ တကိုယ်တော်ဘ၀ကို ယုံကြည်ရသော လူနည်းစု နောက်လိုက်များ၊ ဗေဒင်ဆရာများ ခြံရံ၍ လူသူမနီး မြို့တော် နေပြည်တော်တွင် စံမြန်းနေသည်။ သူ့မိသားစုက ဗေဒင်ဆရာများ၏ ယုတ္တိမတန်သော အကြံဉာဏ်များ၊ အကြံပေးချက်များကိုသာ နှစ်နှစ် ခြိုက်ခြိုက် အားကိုးလိုက်နာ၍ ပြဿနာဖြေရှင်းနိုင်ရေး လုံးပမ်းနေကြသည်။

မြန်မာနိုင်ငံ၏ လက်တွေ့ အဖြစ်အပျက်များကို မျက်ကွယ်ပြုနေသော ဗိုလ်ချုပ်သန်းရွှေသည် ပကတိအခြေအနေကို သိမြင်လာစေရေး ကြိုးပမ်းအားထုတ်မှုအားလုံးကိုလည်း ပစ်ပစ်ခါခါ ငြင်းပယ်နေပြန်သည်။ မစ္စတာ အီဗရာဟင် ဂန်ဘာရီကဲ့သို့သော ကုလသမဂ္ဂကိုယ်စားလှယ်များကိုလည်း အဖက်မတန်သလို ဆက်ဆံခဲ့သည်။ လာရောက်တွေ့ဆုံလည်ပတ်သော သံတမန်များကိုလည်း "စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ" စနစ်သို့ ဦးတည်သွားနေသော စစ်အစိုးရ၏ တိုးတက်လုပ်ဆောင်မှုများအကြောင်း ဆက်လက် သြ၀ါဒခြွေနေသည်။

နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးရန် စသော တောင်းဆိုချက်များကို လျစ်လျူရှုထားဆဲ ဖြစ်သည်။ မေလတွင် တိုင်းပြည်အတွင်းရှိ နေရာ အများအပြားကို နာဂစ်သဘာဝဘေးဆိုးက ဖျက်ဆီးပစ်ခဲ့သောအခါ မုန်တိုင်းဒဏ်ခံ ပြည်သူများထံသို့ အရေးပေါ် အထောက်အပံ့များ ပေးခွင့်ပြုရန် နိုင်ငံတကာ၏ မေတ္တာရပ်ခံချက်ကိုလည်း ဗိုလ်ချုပ်သန်းရွှေက မကြားဟန် ပြုခဲ့ပြန်သည်။

အသက် ၇၆ နှစ် ပြည့်တော့မည့် ဗိုလ်ချုပ်သန်းရွှေသည် နိုင်ငံရေးဇာတ်ခုံမှ ဆောလျှင်စွာ ဆင်းပေးမည့်ဟန် မပြသေးသည့်အပြင် စီစဉ်ထားသော ၂၀၁၀ ရွေးကောက်ပွဲအထိ ဆက်ရှိနေဦးမည်ဟု မျှော်လင့်ရသည်။ ၎င်းရည်မှန်းချက် အောင်မြင်ရေးအတွက် မည်သည့်အတားအဆီးကိုမှ လက်မခံနိုင်သော ပိုင်းဖြတ်ချက်က သူ၏ ရူးသွပ်ခေါင်းမာစိတ်နှင့် ရက်စက်ကြမ်းကြုတ်မှုကို ပြသနေသည်။

ဉာဏ်များသော ခေါင်းဆောင်ကြီးက နိုင်ငံတကာမှဝေဖန်သူများ ရှုပ်ထွေးသွားရန် မရေရာသော သတင်းအချက်အလက်များ မကြာခဏ ဖြန့်ပေးခြင်းဖြင့် အချိန်ကို ဆွဲဆန့်နေသေးသည်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည်ဟူသော ရွေးကောက်ပွဲအကြို လုပ်ဟန်တခုကိုပင် ပြောဆိုသံများ ကြားနေရပြန်သည်။ သို့သော်လည်း ဤသတင်းစကားကို မည်သူတဦးကမျှ အယုံအကြည် မရှိကြပေ။
ဦးအောင်သောင်း
လာမည့် ၂၀၁၀ ရွေးကောက်ပွဲပြီးလျှင် ပေါ်ပေါက်လာမည့် အရပ်သား အစိုးရတွင် ထိပ်ပိုင်းခေါင်းဆောင် တဦးဖြစ်လာနိုင်သည်ဟု ထင်ကြေးပေးခံနေရသော စက်မှု(၁) ၀န်ကြီး ဦးအောင်သောင်း (သရုပ်ဖော်ပန်းချီ - ဧရာဝတီ)
ဦးအောင်သောင်းဟူသော အမည်ကို အမှတ်ရနေဖို့ လိုသည်။ သူက လောလောဆယ်တွင် လူစိတ်ဝင်စားခြင်း မရှိသော အမှတ် (၁) စက်မှုဝန်ကြီးရာထူးကို ယူထားသည်။ သို့သော်လည်း လာမည့် ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် အရပ်သား အစိုးရကို ဦးဆောင်မည့်သူတဦးဟု အများက ယူဆနေကြသည်။

ဦးအောင်သောင်း၏ အမည်က လွန်ခဲ့သော ငါးနှစ်ခန့်က ဖြစ်ခဲ့သော ဖြစ်ရပ်တခုမှ အစပြုပြီး ပေါ်ထွက်လာသည်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသော မော်တော်ကားတန်းကို စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အနီး ခြုံခိုတိုက်ခိုက်မှုတွင် သူနှင့် ကွယ်လွန်သူ ၀န်ကြီးချုပ် ဗိုလ်ချုပ်စိုးဝင်းတို့ ပါဝင်ပတ်သက်ခဲ့သည်ဟု အတိုက်အခံများက စွပ်စွဲခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူအများအပြားလည်း ၎င်းလုပ်ကြံမှုတွင် သေဆုံးခဲ့ကြရသည်။ ဒေါ်စုကိုယ်တိုင် အသက်ဘေးမှ ပွတ်ကာသီကာ လွတ်မြောက်ခဲ့သော်လည်း အဖမ်းခံရပြီး ဤဖြစ်ရပ်နောက်ပိုင်းမှ လက်ရှိအချိန်တိုင် အိမ်အကျယ်ချုပ် ကျခံနေရဆဲ ဖြစ်သည်။

ဦးအောင်သောင်းက ဗိုလ်ချုပ်သန်းရွှေ၏ ရုံးခန်းနှင့် မိသားစုနေအိမ်သို့ တံခါးမရှိဓားမရှိ ၀င်ထွက်နိုင်သူတဦး ဖြစ်သည်နှင့်အညီ သူ၏တက်လမ်းသြဇာ ကြီးထွားခဲ့ရသည်။ ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး၏ သမီးနှင့် သူ၏သား လက်ထပ်ထားသောကြောင့်လည်း စစ်အစိုးရအတွင်း သူ၏ သြဇာ ပိုမိုတောင့်တင်းလာသည်။
(သရုပ်ဖော်ပန်းချီ - ဧရာဝတီ)
သူက ဗိုလ်ချုပ်မောင်အေးနှင့်လည်း အလွမ်းသင့်သည်။ ဦးအောင်သောင်းမိသားစုက မြန်မာနိုင်ငံ၏ အချမ်းသာဆုံး မိသားစုများအနက်မှ တခုဖြစ်သည်ဟု ဆိုနိုင်ပြီး ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်နှင့် အခြား သစ်တောထွက်ပစ္စည်းများ ကူးသန်းရောင်းဝယ်သော အောင်ရီဖြိုး၊ ကွင်းစတား၊ IGE စသည့် ကုမ္ပဏီ ၃ ခုကိုလည်း ပိုင်ဆိုင်ထားသည်။ ၎င်းကုမ္ပဏီများက ကွန်ပျူတာနှင့် အခြားလျှပ်စစ် ပစ္စည်းများကိုလည်း တင်သွင်းရောင်းချနေကြသည်။

မြန်မာ့စီးပွားရေးလာကတွင် ထိုကဲ့သို့သော လုပ်ပိုင်ခွင့်ရထားသူများသည်လည်း တခါတရံတွင် ဗိုလ်ချုပ်သန်းရွှေ၏ ကွပ်ညှပ်မှုကို ခံရသည်။ သို့သော် ခန့်မှန်းရခက်သော ဗိုလ်ချုပ်သန်းရွှေက ဦးအောင်သောင်းမိသားစု၏ စီးပွားရေးလုပ်ငန်းများကို မသိကျိုးကျွန် ပြုထားလေသည်။ ဗိုလ်ချုပ်သန်းရွှေ၏ လက်သုံးတော် ထူးကုမ္ပဏီ ပိုင်ရှင်ဦးတေဇ၏ အင်ပါယာနှင့် ယှဉ်ပြိုင်ရသည့်အခါတွင်ပင် မသိကျိုးကျွန်ပြု၍ လွှတ်ထားပေးခဲ့သည်။

အားမရသေးရင် ...

အမေရိကန်သမ္မတ ဘုရှ်နဲ့ ကုလအတွင်းရေးမှုးချုပ်တို့ နောက်ဆုံးတွေ့ဆုံပွဲမှာ မြန်မာ့အရေးဆွေးနွေးမယ်


2009-01-03
သမ္မတ တာဝန်ကထွက်တော့မယ့် အမေရိကန်သမ္မတ မစ္စတာ ဘုရှ်ဟာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းနဲ့ လာမယ့် အင်္ဂါနေ့မှာ သမ္မတအဖြစ် နောက်ဆုံးတွေ့ဆုံ နှတ်ဆက်တဲ့အခါ မြန်မာနိုင်ငံအရေးကိုလည်း ထည့်သွင်း ဆွေးနွေးလိမ့်မယ်လို့ သမ္မတအိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ် Gordon Johndroe က ပြောကြားလိုက်ပါတယ်။
မစ္စတာ ဘန်ကီမွန်းနဲ့ ဇနီးသည်တို့ ကို သမ္မတနဲ့ သမတကတော်တို့ က သမ္မတ အိမ်ဖြူတော်မှာ နေ့လည်စာ တည်ခင်းဧည့်ခံဖို့ စီစဉ်ထားတာပါ။ ဒီနေ့လည်စာ ဧည့်ခံပွဲဟာ သမ္မတ ဘုရှ်အနေနဲ့ မစ္စတာဘန်ကီမွန်းကို ကျေးဇူးတင်စကားပြောကြားဖို့ အခွင့်အရေးတရပ် ဖြစ်ပါလိမ့်မယ်လို့ သမ္မတ အိမ်ဖြူတော်ကြေညာချက်မှာ ပါရှိပါတယ်။
ပြီးခဲ့တဲ့(၂)နှစ်ကာလအတွင်း ကုလသမဂ္ဂမှာ မစ္စတာဘန်ကီမွန်းရဲ့ ဦးဆောင်မှုနဲ့ အဓိကကျတဲ့ ကိစ္စရပ်တွေမှာ ပါဝင်ပူးပေါင်း ဆောင်ရွက်တာတွေနဲ့ ပတ်သက်ပြီး မစ္စတာဘုရှ်က ကျေးဇူးစကား ပြောခွင့်ဖို့ အခွင့်သာမယ်လို့ ပြောပါတယ်။
ခေါင်းဆောင် ၂ ဦးဟာ ကုလသမဂ္ဂ၊ အရှေ့အလယ်ပိုင်း၊ ဆိုမာလီယာ၊ ဒါဖောဒေသက ငြိမ်းချမ်းရေးတပ်နဲ့ မြန်မာနိုင်ငံတို့ရဲ့ အနာဂတ်ရေး ကိစ္စရပ်တွေကို ဆွေးနွေးကြမယ်လို့ Johndroe က ပြောပါတယ်။
ဒါ့အပြင် လွတ်မြောက်ရေး၊ ဒီမိုကရေစီနည်းကျတဲ့ အုပ်ချုပ်ရေး၊ လူ့အခွင့်အရေး ရရှိရေးတို့ကို ကုလသမဂ္ဂအနေနဲ့ မြှင့်တင်ဆောင်ရွက်ပြီး အကြမ်းဖက်မှု ကင်းဝေးတဲ့ ကမ္တာကြီးဖြစ်လာဖို့ ထိထိရောက်ရောက် ဆောင်ရွက်ရေးကို မစ္စတာဘုရှ်က တိုက်တွန်း လိမ့်မယ်လို့လည်း ဆိုပါတယ်။

အားမရသေးရင် ...

Tuesday, December 30, 2008

၂၁-၁၁-၀၈ နေ့၊ ကမ္ဘာ့ကုလသမဂ္ဂ(၆၃)ကြိမ်မြောက် အထွေထွေညီလာခံ၊

တတိယကော်မတီ၊ ၄၄-၄၅ကြိမ်မြောက် အစည်းအဝေး၊ နိုင်ငံ(၃)နိုင်ငံတို့၏
လူ့အခွင့်အရေးအခြေအနေများနှင့်ပတ်သက်သောဆုံးဖြတ်ချက် (document A/C.3/63/L.33)
မှတ်သားသင့်သည့်အချက်အလက်များ
လူ့အခွင့်အရေးအခြေအနေများနှင့်ပတ်သက်သောဆုံးဖြတ်ချက်ချမှတ်ခံရသည့် (၃)နိုင်ငံမှာ မြန်မာ၊ မြောက်ကိုရီးယားနှင့် အီရန်တို့ဖြစ်ကြသည်။
မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအေခြအနေများနှင့်ပတ်သက်သည့်ဆုံးဖြတ်ချက်ကို စတင်အရေးယူဆောင်ရွက်သည်နှင့် မြန်မာကိုယ်စားလှယ်က လုပ်ထုံးနည်း ၁၁၆ အရ၊ no-action motion (အက်ရှင်)မယူရေးကိုတောင်းဆိုသည်။ ထိုအခါ ဥက္ကဌမှ တဖက်လျင် ၂ နိုင်ငံစီက တင်ပြရန်ခွင့်ပြုရာ (အက်ရှင်)မယူရေးဘက်က တရုပ်နှင့် ရုရှားတို့ကလည်းကောင်း၊ (အက်ရှင်)မယူရေးကို ဆန့်ကျင်သည့်ဘက်က နော်ဝေ နှင့် နယူဇီလန်တို့ကလည်ူကောင်းပြောကြားကြသည်။ ထို့နောက်မဲခွဲရာ (အက်ရှင်)မယူရေးကို ထောက်ခံမဲ ၅၄ မဲ၊ ကန့်ကွက်မဲ ၉၀ မဲ၊ ကြားနေမဲ ၄၃ မဲရရှိသဖြင့် (အက်ရှင်) မယူရေးအဆိုကို ပယ်ချလိုက်သည်။


ထို့နောက် ဆုံးဖြတ်ချက်ကို (စပေါင်ဇာ)လုပ်သည့်နိုင်ငံများနှင့် (အီးယူ)ကိုယ်စား ပြင်သစ်နိုင်ငံက ဆုံးဖြတ်ချက်အား ထောက်ခံရန်စကားပြောပြီး၊ ဆုံးဖြတ်ချက်ကို မထောက်ခံရန် မြန်မာကိုယ်စားလှယ်က စကားပြောသည်။
ထို့နောက် ဥက္ကဌကအစည်းအဝေး ခေတ္တရပ်နားသည်။ မြန်မာကိုယ်စားလှယ်က လုပ်ထုံးအရ မဲခွဲခြင်းပြုလုပ်နေစဉ် ရပ်တန့်ရန် မဖြစ်နိုင်ကြောင်းပြောဆိုရာ ဥက္ကဌက မဲခွဲခြင်းမလုပ်ရသေးကြောင်းပြောသည်။ ဆူဒန်ကိုယ်စားလှယ်က အရေးယူရန်ဆုံးဖြတ်ပြီးလည်းဖြစ်ကြောင်း၊ ကြားနာခြင်းလဲလုပ်ပြီးကြောင်း ထို့ကြောင့် မဲခွဲနေသည့်သဘောဖြစ်ကြောင်း ထောက်ပြသည်။ အတွင်းရေမှူးအဖွဲ့မှ ဥက္ကဌကမကြေညာသေးပါက မဲမခွဲကြောင်းထာက်ပြသည်။ ထိုအခါ မြန်မာကိုယ်စားလှယ်က ဥက္ကဌအဆုံးအဖြတ်ကို လိုက်နာပါမည်ဟုပြောသည်။
မဲခွဲခြင်းမပြုလုပ်မီ ပြင်သစ်က တူရကီနှင့် (ဘော့စနီးယား-ဟက်ဇကိုဗီးနား)အမည်များကို (စပွန်ဇာ)တိုင်းပြည်များအဖြစ် မကြားလိုက်ရကြောင်းထောက်ပြသည်။ မြန်မာကိုယ်စားလှယ်မှလည်း စကားပြန်များမှတဆင့်ကြားရသည်မှာ မိမိနိုင်ငံ အမည်ကို မှန်မှန်ကန်ကန်မခေါ်ကြောင်းထောက်ပြသည်။ ဥက္ကဌမှ တရားဝင်အမည်ခေါ်ရန်ပြောဆိုသည်။
ဘာဘေဒို့စ်၊ မြောက်ကိုရီးယား၊ မလေးရှား၊ အီဂျစ်၊ ထိုင်း၊ ဆီးရီးယား၊ အီကွေဒေါနိုင်ငံကိုယ်စားလှယ်များက နိုင်ငံတခုချင်း အလိုက်ဆုံးဖြတ်ချက်ကို မထောက်ခံကြောင်းစသဖြင့်ပြောကြားကြသည်။
ထို့နောက်မဲခွဲရာ မြန်မာနိုင်ငံနှင့်ပတ်သက်သည့်ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၈၉ မဲ၊ ကန့်ကွက်မဲ ၂၉ မဲ၊ ကြားနေမဲ ၆၃ မဲဖြင့် အတည်ပြုလိုက်သည်။
ထို့နောက် ဘဲလားရပ်နှင့် ကျူးဘား တို့က ကန့်ကွက်မဲထည့်ရခြင်းအကြောင်းပြောပြီး ဘရာဇီးကထောက်ခံမဲထည့်ရခြင်း အကြောင်းပြောသည်။ နိုင်ဂျာက မဲစာရင်းတွင် ကန့်ကွက်မဲမှ ကြားနေမဲကိုအမှန်အတိုင်း ပြင်ပေးရန်တင်ပြသည်။ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်တို့က ကန့်ကွက်မဲထည့်ရခြင်းအကြောင်း၊ ဂျပန်ကထောက်ခံမဲထည့်ရခြင်းအကြောင်း၊ ကော်စကာရီကာမှ (အက်ရှင်)မယူရေးအဆိုကိုကန့်ကွက်ရခြင်းအကြောင်း ပြောကြားအပြီး မြန်မာကိုယ်စားလှယ်က ရုရှားနှင့်အိမ်နီးချင်းများအား အထူးကျေးဇူးတင်စကားပြောသည်။
(အက်ရှင်)မယူရေးအဆိုထောက်ခံသည့်နိုင်ငံများ

အယ်ဂျီးရီးယား၊ အင်ဂိုလာ၊ အင်တီဂွာ၊ ဘာဘူဒါ၊ အဇာဘိုင်ဂျန်၊ ဘာရိန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘာဘေဒေါ့စ်၊ ဘယ်လာရပ်စ်၊ ဘူတန်၊ ဘိုလီးဗီးယား၊ ဘရုနိုင်း-ဒါရုစလမ်၊ ကမ္ဘောဒီးယား၊ စင်တရယ်-အာဖရိကန်-ရီပါးပလစ်၊ ချတ်၊ တရုတ်၊ ကော်မရိုစ်၊ ကုတ်-ဒီဗွား၊ ကျူးဘား၊ မြောက်ကိုရီးယား၊ အီဂျက်၊ အိန္ဒိယ၊ အီရန်၊ ကာဇက်စတန်၊ ကူဝိတ်၊ လာအို၊ လစ်ဗျား၊ မလေးရှား၊ မြန်မာ၊ နမီဘီးယား၊ နီကာရာဂွာ၊ အိုမန်၊ ကာတာ၊ ရုရှန်ဖက်ဒရေးရှင်း၊ ဆော်ဒီအာရေဗျ၊ စင်္ကာပူ၊ စောလမွန်ကျွန်း၊ တောင်အာဖရိက၊ သီရိလင်္ကာ၊ ဆူဒန်၊ ဆူရီနိမ်း၊ ဆွတ်ဇာလန်၊ ဆီးရီးယား၊ တာဂျက်ကစ္စတန်၊ ထိုင်း၊ တူနီးယား၊ တာ့ခ်မန်နီစတန်၊ ယူဂန်တာ၊ ယူအေအီး၊ အူဇဘက်ကစ္စတန် ဗင်နီဇွဲလား၊ ဗီယက်နမ်၊ ရီမင်၊ ဇန်ဘီယာ၊ ဇမ်ဘာဘွေ။
(အက်ရှင်)မယူရေးအဆိုကန့်ကွက်သည့်နိုင်ငံများ
အာဖကန်နစ္စတန်၊ အယ်ဘေးနီးယား၊ အင်ဒိုရာ၊ အာဂျင်တီးနား၊ အာမေနီယား၊ သြစတေးလျ၊ သြစတြီးယား၊ ဘဟားမား၊ ဘယ်လ်ဂျီယမ်၊ ဘောစနီးယား-ဟာဇီဂိုဗီးနား၊ ဘော့စ်ဝါနား၊ ဘူလ်ဂေးလီးယား၊ ဘာရွန်ဒီ၊ ကနေဒါ၊ ကိတ်-ဘာဒီ၊ ချီလီ၊ ကိုလမ်ဘီယာ၊ ကွန်ဂို၊ ကော်စတာရီကာ၊ ဆိုက်ပရပ်စ်၊ ချက်-ရီပါတ်ဘလစ်၊ ဒိန်းမတ်၊ ဒိုမနီကန်-ရီပါ့ပလက်၊ အီကွေဒေါ်၊ အယ်လ်ဆာဗေဒို၊ အက်စ်တိုးနီးယား၊ ဖီဂျီ၊ ဖင်လန်၊ ပြင်သစ်၊ ဂျော်ဂျီရာ၊ ဂျာမဏီ၊ ဂရိ၊ ဂွာတီမလာ၊ ဟေတီ၊ ဟွန်ဒူးရပ်စ်၊ ဟန်ဂေရီ၊ အိုင်စ်လန်း၊ အီရတ်၊ အိုင်ယာလန်၊ အစ္စရေး၊ အီတလီ၊ ဂျပန်၊ ကီရီဘတီ၊ လတ်တ်ဗီးယား၊ လက်ဘနွန်၊ လိုင်ဗေးရီးယား၊ လိချန်စတိန်း၊ လစ်သူရေးနီးယား၊ လူဇင်ဘတ်၊ မောလ်ဒိုက်၊ မောလ်တာ၊ မာရှယ်ကျွန်း၊ မောရေးရှပ်စ်၊ မက္ကစီကို၊ မိုနာကို၊ မွန်ဂိုးလီးယား၊ မွန်တီနီဂရိုး၊ မော်ရိုကို၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေး၊ ပယ်လူဝါဒ၊ ပနာမား၊ ပိပူဝါနယူးဂီနိ၊ ပါရာဂွေး၊ ပီရူး၊ ပိုလန်၊ ပေါ်တူဂီ၊ တောင်ကိုရီးယား၊ မော်ဒိုဗာ၊ ရိုမေးနီးယား၊ စိန့်လူစီရာ၊ ဆာမိုဝါး၊ ဆန်မာရီနို၊ ဆလိုဗားကီးယား၊ ဆလိုဗီးနီးယား၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ယူဂိုဇလားဗီးယား၊ တီမော-လစ်ဆီ၊ တွန်ဂါ၊ တူရကီ၊ တူဗလူ၊ ယူကရိန်း၊ အင်္ဂလန်၊ အမေရိကန်၊ ဥရုဂွေး၊ ဗန်နော်တူ။
(အက်ရှင်)မယူရေးအဆို ကြားနေနိုင်ငံများ
ဘယ်လ်ဇီ၊ ဘီနင်၊ ဘရာဇီး၊ ဘာကီနာဖါဆို၊ ကင်မရွန်၊ ဒိုမနီကာ၊ အီကွေတိုရီရယ်-ဂီနိ၊ အရီတရီယား၊ အီသီယိုပီးယား၊ ဂါနာ၊ ဂရီနေဒါ၊ ဂီနိ၊ ဂီနိ-ဘစ်ဆော၊ ဂိုင်ရာနာ၊ အင်ဒိုနီးရှား၊ ဂျမေကာ၊ ဂျော်ဒန်၊ ကင်ညာ၊ လီဆိုသို၊ မာလာဝီ၊ မာလီ၊ မော်ရီတေးနီးယား၊ မိုဇမ်ဘစ်၊ နီပေါ၊ နိုက်ဂျား၊ နိုက်ဂျီးရီးယား၊ ပါကစ္စတန်၊ ဖီလစ်ပိုင်၊ ရ၀န်ဒါ၊ စိန့်ကစ် နှင့် နီဗက်စ်၊ စိန့်ဗင်ဆင့် နှင့် ဂရီနဒီး၊ ဆီနီဂေါ၊ ထရီနီဒက် နှင့် တိုဘာဂို၊ တန်ဇန်နီးယား။
(အက်ရှင်)မယူရေးအဆို ပျက်ကွက်သည့်နိုင်ငံများ
ကွန်ဂို၊ ဂျဘူတီ၊ ဂါဘွန်၊ ဂမ်ဘီယာ၊ ကာဂျစ်စတန်၊ မဒါဂါစကာ၊ မိုက်ခရိုနီးရှား၊ နော်ရူး၊ ဆော်တော်မ် နှင့် ပရင်စပီး၊ ဆားဗီးယား၊ ဆေရှဲလ်၊ ဆာရာလီယွန်း၊ ဆိုမားလီးယား၊ တိုဂို။
မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေများနှင့်ပတ်သက်သည့်ဆုံးဖြတ်ချက်ကို ကန့်ကွက်သည့်နိုင်ငံများ
အယ်လ်ဂျီးရီးယား၊ အဇာဘိုင်ဂျန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘယ်လာရပ်စ်၊ ဘရုနိုင်း ဒါရုစလမ်၊ တရုတ်၊ ကုတ်ဒီဗွား၊ ကျူးဗား၊ မြောက်ကိုရီးယား၊ အီဂျစ်၊ အိန္ဒိယ၊ အီရန်၊ လော၊ လဘီးရ၊ မလေးရှား၊ မြန်မာ၊ နမ်မီဘီးယား၊ နီကာရဂ်ဂွာ၊ နိုက်ဂျား၊ အိုမန်၊ ရုရှ၊ ဆိုမားလီးယား၊ သီရိလင်္ကာ၊ ဆော်ဒန်၊ ဆီးရီးယား၊ အူဇ်ဘက်ကစ္စတန်၊ ဗန်နီဇူးလား၊ ဗီယက်နမ်၊ ဇင်ဘာဘွေ။
မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေများနှင့်ပတ်သက်သည့်ဆုံးဖြတ်ချက်ကို ထောက်ခံသည့်နိုင်ငံများ
အာဖကန်နစ္စတန်၊ အယ်လ်ဘန်နီးယား၊ အင်ဒိုရာ၊ အာဂျင်တီးနား၊ အာမေးနီးယား၊ သြစတြေးလျ၊ သြစတြီးယား၊ ဘဟာမား၊ ဘယ်လ်ဂျီယမ်၊ ဘယ်လိဇ်၊ ဘောဇနီးယားနှင့် ဟင်ဇာဂိုဗီးနား၊ ဘော့စ်ဝါနာ၊ ဘရာဇီးလ်၊ ဘူလ်ဂေးရီးယား၊ ဘာရွန်ဒီ၊ ကနေဒါ၊ ချီလီ၊ ကော်စတာရီကာ၊ ခရိုအေးရှား၊ ဆိုက်ပတ်စ်၊ ချက်၊ ဒိန်းမတ်၊ ဒိုမီနီကန်၊ အယ်ဆာဘာရို၊ အစ္စတိုနီးယား၊ ဖီဂျီ၊ ဖင်လန်၊ ပြင်သစ်၊ ဂျော်ဂျီယာ၊ ဂျာမဏီ၊ ဂရိ၊ ဂိုယာနာ၊ ဟွန်ဒူရပ်စ်၊ ဟန်ဂေရီ၊ အိုင်စ်လန်၊ အီရတ်၊ အိုင်ယာလန်၊ အစ္စရေး၊ အီတလီ၊ ဂျပန်၊ ကာဇစ္စတန်၊ ကရီဘတ္တီ၊ လတ်ဗီးယား၊ လက်ဘနွန်၊ လီချန်စတိန်၊ လစ်သူရေးနီးယား၊ လူဇင်ဘာ့ဂ်၊ မောလ်ဒိုက်၊ မောလ်တာ၊ မာရှယ်ကျွန်း၊ မောရေးရှပ်စ်၊ မက္ကစီကို၊ မိုနာကို၊ မွန်ဂိုလီးယား၊ မွန်တန်နီဂရို၊ မော်ရိုကို၊ နော်ရူ၊ နယ်သာလန်၊ နယူးဇီလန်၊ နိုက်ဂျီးရီးယား၊ နော်ဝေး၊ ပယ်လ်အူ၊ ပနာမား၊ ပါရာဂွေး၊ ပီရူး၊ ပိုလန်၊ ပေါ်တူဂီ၊ ကိုရီးယား၊ မော်လ်ဒိုက်၊ ရူမေးနီးယား၊ စိန့်လူစီရာ၊ ဆာမိုအာ၊ ဆန်မာရီနို၊ ဆလိုဗားကီးယား၊ ဆလိုဗီးနီးယား၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ မက်စီဒိုးနီးယား၊ တီမောလက်ဆီ၊ တိုဂို၊ တွန်ဂ၊ တူရကီ၊ တူဗလူ၊ ယူကရိန်း၊ အင်္ဂလန်၊ အမေရိကန်၊ ဥရုဂွေး၊ ဗန်နောတူ၊
မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေများနှင့်ပတ်သက်သည့်ဆုံးဖြတ်ချက်ကို ကြားနေသည့်နိုင်ငံများ
အင်ဂိုလာ၊ အင်တဂ်ဂွာ နှင့် ဘာဘူဒါ၊ ဘာဟ်ရီရန်၊ ဘာဘေဒို့စ်၊ ဘီနင်၊ ဘူတန်၊ ဗိုလီးဗီးယား၊ ဘာကီနာဖါဆို၊ ကမ္မရွန်၊ ကိပ်-ဘာဒီ၊ အာဖရိက၊ ချက်၊ ကိုလမ်ဘီယာ၊ ကွမ်မရို့၊ ကွန်ဂို၊ ဒိုမနီကာ၊ အီကွေဒေါ၊ အီကွေတိုရီရယ်ဂျီနီရာ၊ အရီတရီးယ၊ အီသီယိုးပီးယား၊ ဂမ်ဘီရာ၊ ဂါနာ၊ ဂရင်နေဒါ၊ ဂွာတီမာလာ၊ ဂီနီယာ၊ ဂျီနီဘစ်ဆော၊ ဟေတီ၊ အင်ဒိုနီးရှား၊ ဂျမေကာ၊ ဂျော်ဒန်၊ ကင်ရာ၊ ကူဝိတ်၊ ကာဂျီစတန်၊ လီဆိုသို၊ လိုင်ဘီးရီးယား၊ မော်လ၀ီ၊ မာလီ၊ မော်ရီတေးနီးယား၊ မိုဇမ်ဘီး၊ နီပေါ၊ ပါကစ္စတန်၊ ပါပူအာနယူးဂီနိ၊ ဖီလပိုင်၊ ကာတာ၊ ရ၀န်ဒါ၊ စိန့်ကတ်စ် နှင့် နီဗစ်၊ စိန့်ဗင်စင့်တ် နှင့် ဂရီနတ်ဒိန်း၊ စော်တုမ်း နှင့် ပရင်စိပိ၊ ဆော်ဒီအာရေဗျ၊ ဆီနီဂေါ၊ စင်္ကာပူ၊ ဆော်လမွန်ကျွန်း၊ တောင်အာဖရိက၊ စူရီနိမ်း၊ ဆွစ်ဇာလန်၊ ထိုင်း၊ တရီနီဒက် နှင့် တိုဗက်ဂို၊ တာ့ခ်မန်အင်နီစတန်၊ ယူဂန်ဒါ၊ ယူအေအီး၊ တန်ဇင်နီးယား၊ ရီမန်၊ ဇင်ဘီယာ။
မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေများနှင့်ပတ်သက်သည့်ဆုံးဖြတ်ချက်ကို မဲပေးစဉ်ပျက်ကွက်သည့်နိုင်ငံများ
ကမ္ဘောဒီးယား၊ ကွန်ဂို၊ ဂျဘူတီ၊ ဂါဘွန်၊ မဒါဂါစကာ၊ မိုက်ခရိုနီးရှား၊ ဆားဗီးယား၊ ဆေရှဲလ်၊ ဆီရာလီရွန်း၊ တာဂျီကစ္စတန်၊ တူနီရှား၊
တင့်ဆွေ
(အင်စီဂျီယူဘီ)

အားမရသေးရင် ...

Monday, December 22, 2008

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မော်လမြိုင်ထောင်မှာ အစာငတ်ခံဆန္ဒပြနေ


မော်လမြိုင်ထောင်မှာ အကျဉ်းကျနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦး ထောင်အာဏာပိုင်တွေရဲ့ အာဏာပြတာကို မကျေနပ်လို့ အစာငတ်ခံ ဆန္ဒပြနေတာ ဒီဇင်ဘာ ၂၁ရက်နေ့ ဆိုရင် ၃ရက်တိတိ ရှိသွာပြီလို့ စုံစမ်းသိရှိရပါတယ်။မော်လမြိုင်ထောင်ကို ပြီးခဲ့တဲ့လက ရွှေ့ပြောင်းခံရတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ ကိုသက်ဇော်ဟာ သံခြေကျင်းခတ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ထောင်အာဏာပိုင်တွေကို အစာငတ်ခံ ဆိံ္ဋူပနေတာ ဒီဇင်ဘာလ ၁၉ရက်နေႛကတည်းကူဖစ်တယ်လိုႛ မော်လမြိုင်ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ ကိုသက်ဇော်နဲ့ အတူ မော်လမြိုင်ထောင်ကို ရွှေ့ပြောင်းခံရတဲ့နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၇ ဦးရှိရာ ကိုသက်ဇော် ခုလို ဆန္ဒပြနေတာကို အားလုံးပူးပေါင်းဖို့ အစီအစဉ်ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး အင်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ခုလိုပြောပါတယ်။
ဦးဥာဏ်ဝင်း။ ။ "ကျန်တဲ့ ၆ ယောက်နဲ့ပတ်သက်ပြီးတော့ သူတို့က ကိုသက်ဇော်နဲ့အတူတူ ဆန္ဒပြကြတော့မယ်ဆိုတဲ့ သတင်းရတယ်။ သို့သော် ကျနော် တိတိကျကျ မသိရဘေးပါဘူး။ သူ့အဖေ ထောင်ဝင်စာ ၂ကြိမ်သွားတွေပြီးပြီ၊ သူ့အဖေ ဦးသန်းလွင်က ရန်ကုန်မှာ နေပါတယ်။ သူပြန်လာတာ ၄၊ ၅ ရက်လောက်ရှိပြီ သူပြန်လာပြီးမှ ဖြစ်တာပါ။"
ကိုသက်ဇော် ခုလို အစာငတ်ခံ ဆန္ဒပြတာကြောင့် တဦးတည်းသီးခြား အခန်းတခုမှာ ခွဲထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ကိုသက်ဇော် အစာငတ်ခံ ဆန္ဒပြတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး အတည်ပြုချက်ရယူဖို့ ကိုသက်ဇော်ရဲ့ ဖခင်ကို အာအက်ဖ်အေက အဆက်အသွယ်လုပ်ဘို့ကြိးစားပေမယ့် ခုချိန်အထိ အဆက်အသွယ် မရသေးပါဘူး။

အားမရသေးရင် ...

Sunday, December 21, 2008

မိဖုရားခေါင်ကြီး၊သမီးတော် နှင့် မြေးတော်များ


ဘုရင်ရူးရူး နေကြသော မိသားစုကြီး ကတော့တိုင်းခန်းလှည့်လည် နေလိုက်တာ၊အခုလည်း ပုဂံဘက်ကို ခြေဦးလှည့်သွားပြန်ပြီ..ဗိုလ်သင်တန်းဆင်းပွဲ မှာရှေ့ဆုံးကနေထိုင်းနေလိုက်ကြတာ တပ်မတော်က အရာရှိကြီးတွေတောင် သူတို့ နောက်ကထိုင်ခုံအစုတ် ကလေးနဲ့ ထိုင်နေရတယ်နော်...ရင်နာဖို့ ကောင်းလိုက်တာ တပ်ချုပ်ကြီးရဲ့ မြေးတစ်ကောင်လောက်တောင် အဆင့်အတန်းမရှိတော့ ဘူးလား တပ်မတော်သားကောင်းတွေရယ်..တပ်ချုပ်ကြီး ကိုအလေးပြုရင်တော်ပြီပေါ့ သူ့ဆွေမျိုးတွေ ကိုတောင်လိုက်အလေးပြုနေရပြီလား...ရှက်ဖို့ကောင်းပါတယ်ဗျာ....

အားမရသေးရင် ...

Saturday, December 20, 2008

ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသမီး ကမ္တာ့ခေါင်းဆောင်များကောင်စီ ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ရွေးချယ်


အမေရိကန်ပြည်ထောင်စု ဝါရှင်တန်စီမြို့အခြေစိုက် အမျိုးသမီး ကမ္တာ့ ခေါင်းဆောင်များ ကောင်စီ The Council of Women World Leaders က ဒေါ်အောင်ဆန်းစုကြည် ကို ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် သတ်မှတ်လိုက်တယ်လို့ ကြေညာလိုက်ပါတယ်။လွတ်မြောက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ကြိုးပမ်းနေတဲ့ သူ့ရဲ့ ထူးခြားတဲ့ ခေါင်းဆောင်မှု၊ လူ့အခွင့်ရေး ကြိုးပမ်းမှုနဲ့ မြန်မာပြည်မှာ ဒီမိုကရေစီ ပြန်လည် ထွန်းကားရေး ကြိုးပမ်းမှုတွေကြောင့် ဒီ အမျိုးသမီး ကမ္တာ့ခေါင်းဆောင်များ ကောင်စီက ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် လက်ခံဖို့ ဝိုင်းဝန်းပြီး ဆိုမဲပေးခဲ့ကြတာလို့ သိရပါတယ်။ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသမီး ကမ္တာ့ ခေါင်းဆောင်များကောင်စီရဲ့ ပထမဆုံး ဂုဏ်ထူးဆောင်အသင်းဝင်ဖြစ်လာခဲ့ပါပြီ။
အမျိုးသမီး ကမ္တာ့ ခေါင်းဆောင်များအဖွဲ့ဝင် ဂူယာနာသမတဟောင်း Janet Jagan က ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ပေးဖို့နှစ် ပေါင်းများစွာ တိုက်တွန်းခဲ့ကြောင်း၊ သူတို့အတွက် အထူးစိုးရိမ်မိကြောင်းနဲ့မြန်မာနိုင်ငံရေး အကျဉ်းသားတွေ အမြန်ဆုံး ပြန်လည်လွတ်မြောက်ဖို့ မျှော်လင့်မိကြောင်း ပြောပါတယ်။
အမျိုးသမီး ကမ္တာ့ ခေါင်းဆောင်များ ကောင်စီဝင် နောက်တဦးဖြစ်တဲ့ ပြင်သစ်ဝန်ကြီးချုပ် ဟောင်း Edith Cresson က ဒီအသင်းရဲ့ ဆောင်ရွက်ချက်ကို သူ့အနေနဲ့ထောက်ခံကြောင်း ပြောပါတယ်။
ဒီအမျိုးသမီး ကမ္တာ့ ခေါင်းဆောင်များကောင်စီ ကို ၁၉၉၆ ခနှစ်မှာ လက်ရှိတာဝန်ယူနေတဲ့ နိုင်ငံ့ခေါင်းဆောင်တွေအပြင် အငြိမ်းစားခေါင်းဆောင်တွေပါ ပါဝင်ဖွဲ့စည်းခဲ့ပြီး၊ အဖွဲ့ဝင် ၃၇ ဦး ရှိပါတယ်။ ဒီအဖွဲ့ဟာ အစိုးရ အုပ်ချုပ်ရေးဆိုင်ရာတွေ ကောင်းမွန်ဖို့၊ ကျား၊မ ခွဲခြား ဆက်ဆံမှုပပျောက်ဖို့၊ ကမ္တာပေါ်မှာ ဒီမိုကရေစီပိုမိုထွန်းကားလာဖို့ ကြိုးစားနေတဲ့ အဖွဲ့ဖြစ်ပါတယ်။
ဒီအဖွဲ့ရဲ့ လက်ရှိ ဥက္ကဌကတော့ အိုင်ယာလန်နိုံင်ငံ သမတ တာဝန်နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ မေရီရော်ဘင်ဆန် Mary Robinson ဖြစ်ပါတယ်။

အားမရသေးရင် ...

လူငယ်ဆိုတာ


၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲကြတဲ့ မျိုးဆက်သစ် ကျောင်းသားလူငယ်တွေကို စစ်အစိုးရက ဖမ်းဆီးပြီးနှစ်ရှည်ထောင်ဒဏ်တွေ ချတဲ့အပြင် နယ်စွန်နယ်ဖျား အကျဉ်းထောင်တွေကို ရွှေ့ပြောင်းခဲ့ပေမဲ့ အများစုဟာ စိတ်ဓာတ်ရေးရာအရ ခိုင်မာနေတယ်လို့ သိရပါတယ်။စစ်အစိုးရက မတရားဖိနှိပ်နေတာတောင် ကျောင်းသားလူငယ်တွေနိုင်ငံရေးလုပ်ကြတာ၊ တော်လှန်ရေး လုပကြတယ်ဆိုတာ တိုင်းပြည်ကောင်းဖို့အတွက် သမိုင်းပေးတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ချင်လို့ ဖြစ်တယ်လို့ ထောင် ငါနှစ်ချ မှတ်ခံရပြီး ဒီဇင်ဘာ ၃ ရက်နေ့က ညောင်ဦးထောင်ကို ရွှေ့ပြောင်းခံရတဲ့ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (Generation Wave) အဖွဲ့ဝင် ဥပဒေကျောင်းသား ကိုသီဟဝင်းတင်က ဒီရက်ပိုင်းအတွင်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။


အခုလို ပြောဆိုမှုဟာ မြန်မာနိုင်ငံ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ဖို့အတွက် ခေတ်အဆက်ဆက် ကြိုးစားခဲ့ကြတဲ့ လူငယ်တွေရဲ့ ခံယူချက်ကို ထင်ဟပ်နေတာ ဖြစ်တယ်လို့ မျိုးဆက်သစ်လူငယ်များ အစည်းအရုံးရဲ့ ပြောရေးဆိုခွင့် ရှိသူမိုးသွေးက ပြောပါတယ်။
ကိုမိုးသွေး။ ။ “ သူပြောတဲ့ စကားထဲမှာ ပါတဲ့အရ ဆိုလို့ ရှိရင် ကျွန်တော်တို့ ဘာကို မြင်ရမလဲဆိုတော့ လူငယ်တယောက်ဟာ ကိုယ် မွေးခဲ့တဲ့တိုင်းပြည်၊ ကိုယ် ကြီးပြင်းခဲ့တဲ့တိုင်းပြည်ဟာ ကိုယ့်အပေါ်မှာ ကျေးဇူးတွေ ရှိတယ်ဆိုတာကို သူကျေးဇူး သိတတ်တဲ့သဘော။ အဲဒီတော့ ဒီကျေးဇူးတွေကို ပြန်ပြီးတော့မှ ဆပ်ရမယ်။ တိုင်းပြည်ကို တာဝန်ကျေရမယ်ဆိုတာကို လေးလေးနက်နက် သူယုံကြည်ထားတယ်ဆိုတာကို တွေ့ရတယ်ခင်ဗျ ။ အလားတူပဲ သူက သူတို့ ဒီလိုမျိုး ကျေးဇူးတွေကို ကျေအောင် ဆပ်နေသလိုပဲ။ တခြားလူငယ်တွေ၊ တခြား ပြည်သူတွေကိုလည်း သူက တိုင်းသြူပည်သား တယောက်အနေနဲ့ မိမိတိုင်းပြည်အပေါ်ကို ကျေးဇူးကို ကျေအောင်ဆပ်ဖို့ ကိုယ့်တာဝန်ကို သိဖို့ ဆိုတာကို သူတိုပြသွားတယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။ ဒါလည်း ကျွန်တော်တို့ လေးလေးနက်နက် ထောက်ခံသလို ကျွန်တော်တို့လည်း ကျွန်တော်တို့ အဖွဲ့ဝင်တွေ ပြောထားတဲ့ ခံယူချက်အတိုင်း မမှိတ်မသုန် ဆက်ပြီးတော့ လုပ်သွားမယ်လို့ ပြောချင်ပါတယ်ခင်ဗျ။ ”
ကိုသီဟဝင်းတင်ကို ညောင်ဦးထောင်ရဲ့ သီးသန့်ဆောင်မှာ ထားတယ်လို့ သိရပါတယ်။
အလားတူပဲ မျိုးဆက်သစ်လူငယ်များ အစည်းအရုံးကို တည်ထောင်သူတဦးဖြစ်တဲ့ အဆိုတော် ဇေယျာသော်ကလည်း သူ့ကိုထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်တဲ့အပေါ် ဂုဏ်ယူတဲ့အကြောင်းနဲ့ ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်းပါအချက်တွေ မြန်မာနိုင်ငံမှာ အပြည့်အ၀ ရရှိဖို့ သူ့အနေနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ တုံ့ပြန်ပြောဆိုခဲ့တယ်လို့ GW အဖွဲ့ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အားမရသေးရင် ...

Friday, December 19, 2008

ပြည်သူတွေ ရဲ့ရင်ထဲကိုဝင်ကြည့်လိုက်ပါ



ကျွန်တော်တို့တိုင်းပြည်ကို ရွှေနိုင်ငံလို့ တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်....
အခုလက်ရှိအစိုးရက လည်း သယံဇာတပေါကြွယ်ဝတဲ့ နိုင်ငံလို့ ပြောနေပါတယ်.....
အဲဒိလို နိုင်ငံကြီးကနေ မွဲတေသွားအောင်အုပ်ချုပ်နိုင်တဲ အစိုးရက အရှက်မရှိမျက်နှာပြောင်တိုက်ပြီး
ကြေးမုံဆောင်းပါးရှင် ကျော်ရဲမင်းရဲ့ "ပစ်တိုင်းထောင်နိုင်ငံ၊ ပစ်တိုင်းထောင်လူမျိုးမို့ အပြုံးပျက်ဖို့ မလိုပေါင်" ဆောင်းပါးကို သတင်းစာတည်းမှာ ထည့်ရေးရဲသေးတယ်....ပြည်သူတွေ ဘာဖြစ်နေလဲ၊ဘာလိုအပ်နေလဲ ဆိုတာကို တိုင်းပြည်အုပ်ချုပ်တဲ့ ငနာကြီးတွေ ကမသိချင်ယောင်ဆောင်နေတယ်....
သူတို့ သား၊သမီး၊မြေး၊မြစ် တွေကတော့ရွှေနန်းစံအိမ်တွေတည်းမှာ အပျော်အပြုံး မပျက်နေနေကြတယ်....
တိုင်းပြည်ကိုကောင်းစားအောင် စီမံနေတာပါ လို့ ရရှား က ကျွန်သပေါက်လေးတွေ ကအသံကောင်းဟစ်နေတယ်.နိုင်ငံတိုင်းမှာအခြေခံလူတန်းစား ဆိုတာရှိတယ်တဲ့ဗျာ သကောင့်သားလေးတွေ ကပြောရဲ သေးတယ်...
လက်နက်မရှိတဲ့ပြည်သူကို တိုက်တဲ့နေရာတို့  အရှက်မရှိမျက်နှာပြောင်တိုက်ပြီး လာပြောနေတဲ့ နေရာမှာ သူတို့ ရဲ့ သူရသိတ္တိကိုတော့ချီးကျူးပါတယ်ဗျာ ...မေးလိုက်ချင်တယ် "မင်းတို့ကိုယ်တိုင် မသိတာလား ဒါမှမဟုတ် ငါတို့မျက်နှာပြောင်တိုက်ပြီးလာလိမ်နေတာလား"
မင်းတို့ တကယ်သိချင်တယ် ဆိုရင်ပြည်သူတွေ ရဲ့ရင်ထဲကိုဝင်ကြည့်လိုက်ပါ......ပြည်သူ့ဆန္ဒက ဘာလဲဆိုတာ မင်းတို့ စစ်သင်တန်း ကျောင်းတွေမှာတော့ ကြီးနိုင်ငယ်ညှဉ်းဝါဒ လောက်ကျကျနန သင်းပေးလိုက်တာဆိုတော့.. ပြည်သူ့ဆန္ဒက ဘာလဲဆိုတာ သိမယ်မထင်ဘူး .....

အားမရသေးရင် ...

မြန်မာဒုက္ခသည်များအတွက် အီးယူအဖွဲ့က ယူရို သန်း ၄၀ကျော်ပေးမည်


ထိုင်းမြန်မာနယ်စပ်က မြန်မာဒုက္ခသည်တွေ အပါအဝင် မြန်မာနိုင်ငံက နာဂစ်မုန်တိုင်း ဒုက္ခသည် ပြည်သူ ၂သန်းလောက်အတွက် အီးယူ ဥရောပ ကော်မရှင်က နောက်ထပ် ယူရိုငွေ သန်း ၄၀ကျော်၊ အမေရိကန် ဒေါ်လာငွေနဲ့ဆိုရင် ဒေါ်လာ ၅၉သန်းနီးပါး ပေးအပ်ဖို့ ဒီဇင်ဘာ ၁၈ရက် ကြာသပတေးနေ့က ဆုံူးဖတ်လိုက်အခုပေးအပ်မဲ့ အကူအညီထဲက ယူရိုငွေ ၂၂ သန်းကို မုန်ုတိုင်းသင့်ဒေသက ဒုက္ခသည်ပြည်သူတွေ အတွက် ပေးအပ်မှာ ဖြစ်ပြီး ကျန် ယူရိုငွေ ၁၈သန်းခွဲကိုတော့ မြန်မာနိုင်ငံတွင်းမှာ ဆင်းရဲဒုက္ခ အမျိုးမျိုးနဲ့  ကြုံတွေ့နေရသူတွေနဲ့  ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်တွေကို ပေးအပ်မှာ ဖြစ်ပါတယ်။ အီးယူအဖွဲ့ဟာ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးတဲ့နောက် အရေးပေါ် အကူအညီအဖြစ် ယူရိုငွေ ၁၇ သန်း ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။အခု အကူအညီကို ၂သန်းလောက်ရှိတဲ့ မြန်မာ ဒုက္ခသည် ပြည်သူတွေ လက်ထဲကို ထိထိရောက်ရောက် ပေနိုင်အောင် ECHO လို့  အတိုကောက်ခေါ်တဲ့ ဥရောပကော်မရှင်ရဲ့ လူသားချင်း စာနာမှု ကူညီရေးဌာနက စီမံခန့်ပြီးတော့ ဥရောပအခြေစိုက် အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတွေလက်အောက်ခံအဖွဲ့အစည်းတွေနဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ တို့ကတဆင့် ပေးအပ်သွားမှာ ဖြစ်ပါတယ်။အီးယူအဖွဲ့အနေနဲ့မုန်တိုင်းသင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းတွေမှာ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်မှု ရနေတယ်လို့ အီးယူ ဖွံ့ဖြိုးရေး ကော်မရှင်မင်းကြီး Louis Michel က ပြောပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံ တခြားဒေသတွေမှာ လုပ်ငန်းဆောင်ရွက်ရာမှာလဲ အလားတူမျိုး ပူးပေါင်းဆောင် ရွက်မှုတွေမှာ တိုးတက်မူတွေ ရလာအောင် ကြိုးပမ်းသွားမယ်လို့ သူက ပြောပါတယ်။ အီးယူအဖွဲ့အနေနဲ့ အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ မူစလင်ဒုက္ခသည် ၈သိန်းလောက်အတွက် စိတ်ပူပန်နေတယ်လို့လဲ အီးယူ ဖွံ့ဖြိုးရေး ကော်မရှင်မင်းကြီး Louis Michel က ပြောပါတယ်။

အားမရသေးရင် ...

Saturday, December 6, 2008

ကုလသမဂ္ဂက အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်




ငါတို့တိုင်းပြည်ဟာပညာတတ်တွေ ထွန်းကားတဲ့တိုင်းပြည် ဖြစ်ခဲ့တယ်ဆိုတာကို
သိက္ခာရှိရှိနဲ့ နိုင်ငံတကာကသိခဲ့ဖူးတယ်… အခုလည်းနိုင်ငံတကာကသိ နေသေး
တယ် ပညာတတ်တွေရှိတဲ့ တိုင်ပြည်တစ်ခုအနေနဲ့တော့ မဟုတ်ပါဘူး ကမ္ဘာ့ အဆင်း
ရဲဆုံးနိုင်ငံ တစ်နိုင်ငံ အဖြစ်နဲ့ပေါ့..

ဦးသန့်ရာပြည့် အထိမ်းအမှတ်အဖြစ်နဲ့ ကုလသမဂ္ဂက ဦးသန့်ရုပ်ပုံနဲ့ တံဆိပ်ခေါင်း ထုတ်ဝေမယ်လို့ ကြေညာလိုက်ပါတယ်။ လာမယ့်နှစ်မှာကွယ်လွန်သူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ရဲ့ အသက် ၁၀၀ ပြည့် အထိမ်းအမှတ် အဖြစ်နဲ့ တံဆိပ်ခေါင်း သုံးမျိုးထုတ်ဝေမှာဖြစ်တယ်လို့ ကုလသမဂ္ဂ စာတိုက်ဌာနက ကြေညာလိုက်တာပါ။ ၂၀၀၉ ခုနှစ်ဖေဖဝါရီလ ၆ ရက်နေ့မှာထုတ်ဝေမှညဖြစ်ပါတယ်။ အမေရိကန်ငွေ ၉၄ ဆင့်တန်၊ ဆွစ်ဇာလန်ငွေ ၁၃ ဖရန့် တန်နဲ့ ဥရောပသမဂ္ဂ အီးယူငွေ ၁ ဒသမ ၁၅ ယူရိုတန် တံဆိပ်ခေါင်းတွေဖြစ်ပါတယ်။
အဲဒိလိုနိုင်ငံတကာကလေးစားရတဲ့ လူတစ်ယောက်ဗမာနိုင်ငံမှာ ရှိခဲ့ဖူးတယ်ဆိုတာ
ကိုဒီနေခေတ်လူငယ်ကျောင်းသား၊ကျောင်းသူတွေကိုပြောပြရင် ယုံချင်မှယုံမယ်…
ဗမာ နိုင်ငံဟာ တစ်ချိန်တုံးက အဲဒိလိုပညာတတ်တွေ တစ်ကယ်ပေါ်ထွန်းခဲ့ဖူးတယ်…
ဗမာနိုင်ငံတင်မကဘူး တစ်ကမ္ဘာလုံးကိုတောင် ငြိမ်းချမ်းအောင် ဦးဆောင်ခဲ့ဖူးတဲ့ ခေါင်း
ဆောင်ကြီးကတော့ ဦးသန့် ပေါ့…..
အခုဗမာနိုင်ငံ အခြေအနေနဲ့ဘယ်လောက်ထိကွားခြားနေသလဲဆိုတာ ကိုမင်းတို့ပဲစဉ်းစားကြည့်ပေါ့ကွာ…

အားမရသေးရင် ...

မြန်မာ blogger နေဘုန်းလတ်

ကိုနေဘုန်းလတ် တစ်ယောက်ကျန်းမာပါစေ...
တိုင်းပြည်နဲ့လူမျိုးအတွက် ပေးဆပ်ရဲတဲ့ ပညာတတ်တစ်ယောက်ရှိနေတဲ့အတွက် ဂုဏ်ယူမိပါတယ်...

အားမရသေးရင် ...

Friday, December 5, 2008

အကြီးမားဆုံး ရန်သူကြီး


မသေခင်စဉ်းစားပါ လောကကြီးမှာ မင်းဟာဘာ ကြောင့်အသက်ရှင်နေတာလဲ...
လူတစ်ယောက်ရဲ့ရပိုင်ခွင့်နဲ့ပြောပိုင်ခွင့်တွေကို မင်းရဲရဲဝံ့ဝံ့ပြောရဲပြီလား....
မင်းမပြောရဲ့ရင် ဘာ့ကြောင့်လဲဆိုတာကို မင်းစဉ်းစားပါ...
ပေးတာယူ ကျွေးတာစား ဘ၀နဲ့နေလာတာ ဘယ်လောက်ကြာသွားပြီလဲ....
မင်းနဲ့အတူ ငါတို့နိုင်ငံသားတွေ ကြောက်နေသရွေ့ ဘာမှပြောင်းလဲလာမှာမဟုတ်ဘူး....
မင်းသိတာနဲ့၊ပြောနိုင်တာကိုမင်းအသိုင်းအ၀ိုင်း၊သူငယ်ချင်းတွေ ကိုမင်းပြောပါ...
ငါတို့တိုင်းပြည် ဘယ်လောက်ထိဆိုးဝါးနေလဲဆိုတာ မင်းလည်းသိတယ်၊ပြည်သူတွေလည်းသိတယ်...

ပြည်သူတွေကျွေးတဲ့ထမင်းကိုစားပြီး ပြည်သူလူထုကို ပြန်သတ်တဲ့အထဲမှာ မင်းနဲ့မင်းအမျိုးတွေများ ပါနေသလား....
ရရှားက ညီလေးတွေကတော့ ပြည်သူကျွေးတာကိုစားပြီး သန်းရွှေရဲ့အသုံးတော်ခံဘ၀နဲ့အဆုံးသတ်တော့မယ်...

အားမရသေးရင် ...