Saturday, December 20, 2008

လူငယ်ဆိုတာ


၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲကြတဲ့ မျိုးဆက်သစ် ကျောင်းသားလူငယ်တွေကို စစ်အစိုးရက ဖမ်းဆီးပြီးနှစ်ရှည်ထောင်ဒဏ်တွေ ချတဲ့အပြင် နယ်စွန်နယ်ဖျား အကျဉ်းထောင်တွေကို ရွှေ့ပြောင်းခဲ့ပေမဲ့ အများစုဟာ စိတ်ဓာတ်ရေးရာအရ ခိုင်မာနေတယ်လို့ သိရပါတယ်။စစ်အစိုးရက မတရားဖိနှိပ်နေတာတောင် ကျောင်းသားလူငယ်တွေနိုင်ငံရေးလုပ်ကြတာ၊ တော်လှန်ရေး လုပကြတယ်ဆိုတာ တိုင်းပြည်ကောင်းဖို့အတွက် သမိုင်းပေးတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ချင်လို့ ဖြစ်တယ်လို့ ထောင် ငါနှစ်ချ မှတ်ခံရပြီး ဒီဇင်ဘာ ၃ ရက်နေ့က ညောင်ဦးထောင်ကို ရွှေ့ပြောင်းခံရတဲ့ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (Generation Wave) အဖွဲ့ဝင် ဥပဒေကျောင်းသား ကိုသီဟဝင်းတင်က ဒီရက်ပိုင်းအတွင်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။


အခုလို ပြောဆိုမှုဟာ မြန်မာနိုင်ငံ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ဖို့အတွက် ခေတ်အဆက်ဆက် ကြိုးစားခဲ့ကြတဲ့ လူငယ်တွေရဲ့ ခံယူချက်ကို ထင်ဟပ်နေတာ ဖြစ်တယ်လို့ မျိုးဆက်သစ်လူငယ်များ အစည်းအရုံးရဲ့ ပြောရေးဆိုခွင့် ရှိသူမိုးသွေးက ပြောပါတယ်။
ကိုမိုးသွေး။ ။ “ သူပြောတဲ့ စကားထဲမှာ ပါတဲ့အရ ဆိုလို့ ရှိရင် ကျွန်တော်တို့ ဘာကို မြင်ရမလဲဆိုတော့ လူငယ်တယောက်ဟာ ကိုယ် မွေးခဲ့တဲ့တိုင်းပြည်၊ ကိုယ် ကြီးပြင်းခဲ့တဲ့တိုင်းပြည်ဟာ ကိုယ့်အပေါ်မှာ ကျေးဇူးတွေ ရှိတယ်ဆိုတာကို သူကျေးဇူး သိတတ်တဲ့သဘော။ အဲဒီတော့ ဒီကျေးဇူးတွေကို ပြန်ပြီးတော့မှ ဆပ်ရမယ်။ တိုင်းပြည်ကို တာဝန်ကျေရမယ်ဆိုတာကို လေးလေးနက်နက် သူယုံကြည်ထားတယ်ဆိုတာကို တွေ့ရတယ်ခင်ဗျ ။ အလားတူပဲ သူက သူတို့ ဒီလိုမျိုး ကျေးဇူးတွေကို ကျေအောင် ဆပ်နေသလိုပဲ။ တခြားလူငယ်တွေ၊ တခြား ပြည်သူတွေကိုလည်း သူက တိုင်းသြူပည်သား တယောက်အနေနဲ့ မိမိတိုင်းပြည်အပေါ်ကို ကျေးဇူးကို ကျေအောင်ဆပ်ဖို့ ကိုယ့်တာဝန်ကို သိဖို့ ဆိုတာကို သူတိုပြသွားတယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။ ဒါလည်း ကျွန်တော်တို့ လေးလေးနက်နက် ထောက်ခံသလို ကျွန်တော်တို့လည်း ကျွန်တော်တို့ အဖွဲ့ဝင်တွေ ပြောထားတဲ့ ခံယူချက်အတိုင်း မမှိတ်မသုန် ဆက်ပြီးတော့ လုပ်သွားမယ်လို့ ပြောချင်ပါတယ်ခင်ဗျ။ ”
ကိုသီဟဝင်းတင်ကို ညောင်ဦးထောင်ရဲ့ သီးသန့်ဆောင်မှာ ထားတယ်လို့ သိရပါတယ်။
အလားတူပဲ မျိုးဆက်သစ်လူငယ်များ အစည်းအရုံးကို တည်ထောင်သူတဦးဖြစ်တဲ့ အဆိုတော် ဇေယျာသော်ကလည်း သူ့ကိုထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်တဲ့အပေါ် ဂုဏ်ယူတဲ့အကြောင်းနဲ့ ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်းပါအချက်တွေ မြန်မာနိုင်ငံမှာ အပြည့်အ၀ ရရှိဖို့ သူ့အနေနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ တုံ့ပြန်ပြောဆိုခဲ့တယ်လို့ GW အဖွဲ့ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

No comments: