Monday, December 22, 2008

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မော်လမြိုင်ထောင်မှာ အစာငတ်ခံဆန္ဒပြနေ


မော်လမြိုင်ထောင်မှာ အကျဉ်းကျနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦး ထောင်အာဏာပိုင်တွေရဲ့ အာဏာပြတာကို မကျေနပ်လို့ အစာငတ်ခံ ဆန္ဒပြနေတာ ဒီဇင်ဘာ ၂၁ရက်နေ့ ဆိုရင် ၃ရက်တိတိ ရှိသွာပြီလို့ စုံစမ်းသိရှိရပါတယ်။မော်လမြိုင်ထောင်ကို ပြီးခဲ့တဲ့လက ရွှေ့ပြောင်းခံရတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ ကိုသက်ဇော်ဟာ သံခြေကျင်းခတ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ထောင်အာဏာပိုင်တွေကို အစာငတ်ခံ ဆိံ္ဋူပနေတာ ဒီဇင်ဘာလ ၁၉ရက်နေႛကတည်းကူဖစ်တယ်လိုႛ မော်လမြိုင်ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ ကိုသက်ဇော်နဲ့ အတူ မော်လမြိုင်ထောင်ကို ရွှေ့ပြောင်းခံရတဲ့နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၇ ဦးရှိရာ ကိုသက်ဇော် ခုလို ဆန္ဒပြနေတာကို အားလုံးပူးပေါင်းဖို့ အစီအစဉ်ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး အင်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ခုလိုပြောပါတယ်။
ဦးဥာဏ်ဝင်း။ ။ "ကျန်တဲ့ ၆ ယောက်နဲ့ပတ်သက်ပြီးတော့ သူတို့က ကိုသက်ဇော်နဲ့အတူတူ ဆန္ဒပြကြတော့မယ်ဆိုတဲ့ သတင်းရတယ်။ သို့သော် ကျနော် တိတိကျကျ မသိရဘေးပါဘူး။ သူ့အဖေ ထောင်ဝင်စာ ၂ကြိမ်သွားတွေပြီးပြီ၊ သူ့အဖေ ဦးသန်းလွင်က ရန်ကုန်မှာ နေပါတယ်။ သူပြန်လာတာ ၄၊ ၅ ရက်လောက်ရှိပြီ သူပြန်လာပြီးမှ ဖြစ်တာပါ။"
ကိုသက်ဇော် ခုလို အစာငတ်ခံ ဆန္ဒပြတာကြောင့် တဦးတည်းသီးခြား အခန်းတခုမှာ ခွဲထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ကိုသက်ဇော် အစာငတ်ခံ ဆန္ဒပြတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး အတည်ပြုချက်ရယူဖို့ ကိုသက်ဇော်ရဲ့ ဖခင်ကို အာအက်ဖ်အေက အဆက်အသွယ်လုပ်ဘို့ကြိးစားပေမယ့် ခုချိန်အထိ အဆက်အသွယ် မရသေးပါဘူး။

No comments: