
မသေခင်စဉ်းစားပါ လောကကြီးမှာ မင်းဟာဘာ ကြောင့်အသက်ရှင်နေတာလဲ...
လူတစ်ယောက်ရဲ့ရပိုင်ခွင့်နဲ့ပြောပိုင်ခွင့်တွေကို မင်းရဲရဲဝံ့ဝံ့ပြောရဲပြီလား....
မင်းမပြောရဲ့ရင် ဘာ့ကြောင့်လဲဆိုတာကို မင်းစဉ်းစားပါ...
ပေးတာယူ ကျွေးတာစား ဘ၀နဲ့နေလာတာ ဘယ်လောက်ကြာသွားပြီလဲ....
မင်းနဲ့အတူ ငါတို့နိုင်ငံသားတွေ ကြောက်နေသရွေ့ ဘာမှပြောင်းလဲလာမှာမဟုတ်ဘူး....
မင်းသိတာနဲ့၊ပြောနိုင်တာကိုမင်းအသိုင်းအ၀ိုင်း၊သူငယ်ချင်းတွေ ကိုမင်းပြောပါ...
ငါတို့တိုင်းပြည် ဘယ်လောက်ထိဆိုးဝါးနေလဲဆိုတာ မင်းလည်းသိတယ်၊ပြည်သူတွေလည်းသိတယ်...
ပြည်သူတွေကျွေးတဲ့ထမင်းကိုစားပြီး ပြည်သူလူထုကို ပြန်သတ်တဲ့အထဲမှာ မင်းနဲ့မင်းအမျိုးတွေများ ပါနေသလား....
ရရှားက ညီလေးတွေကတော့ ပြည်သူကျွေးတာကိုစားပြီး သန်းရွှေရဲ့အသုံးတော်ခံဘ၀နဲ့အဆုံးသတ်တော့မယ်...
No comments:
Post a Comment