Friday, December 19, 2008

မြန်မာဒုက္ခသည်များအတွက် အီးယူအဖွဲ့က ယူရို သန်း ၄၀ကျော်ပေးမည်


ထိုင်းမြန်မာနယ်စပ်က မြန်မာဒုက္ခသည်တွေ အပါအဝင် မြန်မာနိုင်ငံက နာဂစ်မုန်တိုင်း ဒုက္ခသည် ပြည်သူ ၂သန်းလောက်အတွက် အီးယူ ဥရောပ ကော်မရှင်က နောက်ထပ် ယူရိုငွေ သန်း ၄၀ကျော်၊ အမေရိကန် ဒေါ်လာငွေနဲ့ဆိုရင် ဒေါ်လာ ၅၉သန်းနီးပါး ပေးအပ်ဖို့ ဒီဇင်ဘာ ၁၈ရက် ကြာသပတေးနေ့က ဆုံူးဖတ်လိုက်အခုပေးအပ်မဲ့ အကူအညီထဲက ယူရိုငွေ ၂၂ သန်းကို မုန်ုတိုင်းသင့်ဒေသက ဒုက္ခသည်ပြည်သူတွေ အတွက် ပေးအပ်မှာ ဖြစ်ပြီး ကျန် ယူရိုငွေ ၁၈သန်းခွဲကိုတော့ မြန်မာနိုင်ငံတွင်းမှာ ဆင်းရဲဒုက္ခ အမျိုးမျိုးနဲ့  ကြုံတွေ့နေရသူတွေနဲ့  ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်တွေကို ပေးအပ်မှာ ဖြစ်ပါတယ်။ အီးယူအဖွဲ့ဟာ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးတဲ့နောက် အရေးပေါ် အကူအညီအဖြစ် ယူရိုငွေ ၁၇ သန်း ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။အခု အကူအညီကို ၂သန်းလောက်ရှိတဲ့ မြန်မာ ဒုက္ခသည် ပြည်သူတွေ လက်ထဲကို ထိထိရောက်ရောက် ပေနိုင်အောင် ECHO လို့  အတိုကောက်ခေါ်တဲ့ ဥရောပကော်မရှင်ရဲ့ လူသားချင်း စာနာမှု ကူညီရေးဌာနက စီမံခန့်ပြီးတော့ ဥရောပအခြေစိုက် အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတွေလက်အောက်ခံအဖွဲ့အစည်းတွေနဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ တို့ကတဆင့် ပေးအပ်သွားမှာ ဖြစ်ပါတယ်။အီးယူအဖွဲ့အနေနဲ့မုန်တိုင်းသင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းတွေမှာ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်မှု ရနေတယ်လို့ အီးယူ ဖွံ့ဖြိုးရေး ကော်မရှင်မင်းကြီး Louis Michel က ပြောပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံ တခြားဒေသတွေမှာ လုပ်ငန်းဆောင်ရွက်ရာမှာလဲ အလားတူမျိုး ပူးပေါင်းဆောင် ရွက်မှုတွေမှာ တိုးတက်မူတွေ ရလာအောင် ကြိုးပမ်းသွားမယ်လို့ သူက ပြောပါတယ်။ အီးယူအဖွဲ့အနေနဲ့ အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ မူစလင်ဒုက္ခသည် ၈သိန်းလောက်အတွက် စိတ်ပူပန်နေတယ်လို့လဲ အီးယူ ဖွံ့ဖြိုးရေး ကော်မရှင်မင်းကြီး Louis Michel က ပြောပါတယ်။

No comments: