Saturday, December 20, 2008

ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသမီး ကမ္တာ့ခေါင်းဆောင်များကောင်စီ ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ရွေးချယ်


အမေရိကန်ပြည်ထောင်စု ဝါရှင်တန်စီမြို့အခြေစိုက် အမျိုးသမီး ကမ္တာ့ ခေါင်းဆောင်များ ကောင်စီ The Council of Women World Leaders က ဒေါ်အောင်ဆန်းစုကြည် ကို ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် သတ်မှတ်လိုက်တယ်လို့ ကြေညာလိုက်ပါတယ်။လွတ်မြောက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ကြိုးပမ်းနေတဲ့ သူ့ရဲ့ ထူးခြားတဲ့ ခေါင်းဆောင်မှု၊ လူ့အခွင့်ရေး ကြိုးပမ်းမှုနဲ့ မြန်မာပြည်မှာ ဒီမိုကရေစီ ပြန်လည် ထွန်းကားရေး ကြိုးပမ်းမှုတွေကြောင့် ဒီ အမျိုးသမီး ကမ္တာ့ခေါင်းဆောင်များ ကောင်စီက ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် လက်ခံဖို့ ဝိုင်းဝန်းပြီး ဆိုမဲပေးခဲ့ကြတာလို့ သိရပါတယ်။ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသမီး ကမ္တာ့ ခေါင်းဆောင်များကောင်စီရဲ့ ပထမဆုံး ဂုဏ်ထူးဆောင်အသင်းဝင်ဖြစ်လာခဲ့ပါပြီ။
အမျိုးသမီး ကမ္တာ့ ခေါင်းဆောင်များအဖွဲ့ဝင် ဂူယာနာသမတဟောင်း Janet Jagan က ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ပေးဖို့နှစ် ပေါင်းများစွာ တိုက်တွန်းခဲ့ကြောင်း၊ သူတို့အတွက် အထူးစိုးရိမ်မိကြောင်းနဲ့မြန်မာနိုင်ငံရေး အကျဉ်းသားတွေ အမြန်ဆုံး ပြန်လည်လွတ်မြောက်ဖို့ မျှော်လင့်မိကြောင်း ပြောပါတယ်။
အမျိုးသမီး ကမ္တာ့ ခေါင်းဆောင်များ ကောင်စီဝင် နောက်တဦးဖြစ်တဲ့ ပြင်သစ်ဝန်ကြီးချုပ် ဟောင်း Edith Cresson က ဒီအသင်းရဲ့ ဆောင်ရွက်ချက်ကို သူ့အနေနဲ့ထောက်ခံကြောင်း ပြောပါတယ်။
ဒီအမျိုးသမီး ကမ္တာ့ ခေါင်းဆောင်များကောင်စီ ကို ၁၉၉၆ ခနှစ်မှာ လက်ရှိတာဝန်ယူနေတဲ့ နိုင်ငံ့ခေါင်းဆောင်တွေအပြင် အငြိမ်းစားခေါင်းဆောင်တွေပါ ပါဝင်ဖွဲ့စည်းခဲ့ပြီး၊ အဖွဲ့ဝင် ၃၇ ဦး ရှိပါတယ်။ ဒီအဖွဲ့ဟာ အစိုးရ အုပ်ချုပ်ရေးဆိုင်ရာတွေ ကောင်းမွန်ဖို့၊ ကျား၊မ ခွဲခြား ဆက်ဆံမှုပပျောက်ဖို့၊ ကမ္တာပေါ်မှာ ဒီမိုကရေစီပိုမိုထွန်းကားလာဖို့ ကြိုးစားနေတဲ့ အဖွဲ့ဖြစ်ပါတယ်။
ဒီအဖွဲ့ရဲ့ လက်ရှိ ဥက္ကဌကတော့ အိုင်ယာလန်နိုံင်ငံ သမတ တာဝန်နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ မေရီရော်ဘင်ဆန် Mary Robinson ဖြစ်ပါတယ်။

No comments: