Saturday, January 10, 2009

အမေသို့ 


အမေ...
အမေလို့ ခေါ်လိုက်တိုင်း သားရင်းခွင်ကိုးနွေးထွေးစေတယ်..
အမေသီချင်းတွေလွင့်နေတဲ့ ရေဒီယိုအံ့သြနေမိတယ်...
တကယ်အံ့သြဖို့ ကောင်းတာ ငါပါလား မိခင်များနေ့ တောင်မသိတဲ့သားဖြစ်နေလို့ လေ..
အမေ ကျောင်းမတတ်ချင်တဲ့ သားကိုအမြဲတမ်းရိုက်ပြီးကျောင်းတတ်ခိုင်းတဲ့အမေ...
စာမေးပွဲနီးရင် သားလေးစားဖို့ လက်ဖက်တွေနှပ်ပေးတဲ့အမေ....
လူတကာနဲ့ ရန်ဖြစ်တိုင်း လိုက်ရှင်းပေးတဲ့အမေ...
သားအိပ်မောကျနေရင်စောင်လာခြုံပေးတဲ့ အမေ...
မုန့်ဖိုးတောင်းတိုင်း မညီးမညူ ပေးခဲ့တဲ့ အမေ...
မွေးနေ့ တိုင်း သောကြာထောင့်မှာ ယတြာခြေပေးတဲ့ အမေ.....
မလိမ္မာတဲ့သားကိုမှ အချစ်ဆုံးလို့ ပြောတဲ့အမေ...
သားကြောင့်အမေ ဝမ်းရည်စပ်မယ်ဆိုတာ သားသိပါတယ်..
သားအရင်လို မဆိုးတော့ပါဘူး အမေ..
အမေ..အမေ..အမေ..သားချစ်တဲ့ အမေ...
အဝေးတနေရာကနေ အမေကို သားကန်တော့လိုက်ပါတယ် အမေ..
အမေ နေကောင်းပါစေ။
အမေနဲ့ အတူ ရေခြား၊မြေခြား ခွဲခွါနေရတဲ့ အမေများလည်း
သား၊သ္မီးများနှင့် အမြန်ဆုံးပြန်ဆုံနိုင်ကြပါစေ....

No comments: